Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Wednesday, October 2, 2013

သင့်​ကွန်​ပျူတာRAMတအား​လေး​နေပြီလား



သူငယ်ချင်းအားလုံ့မင်္ဂလာပါ။သူငယ်ချင်းတို့ကွန်ပျူတာသုံးရင်းRAMလေးသွားတာမျိုးရှိကြမှာပေါ့။အကယ်၍
လေးလာခဲ့ရင်အောက်ကအတိုင်းလုပ်လိုက်ကြ ပေါ့နော်:p
1.open notepad
2.FreeMem=Space(64000000)
3.save with name CleanRAM.vbs
4.close it and run file
တကယ်လို့သူငယ်ချင်းတို့ကRAM memoryကိုထပ်တိုးချင် လည်းအောက်ကကုတ်တွေကိုကူးလိုက်ပါ။ကျန်
တာတော့အ ပေါ်တိုင်းပါဘဲဗျာ:::
FreeMem=(256000000)for 256mb
FreeMem=(128000000)for 128mb
FreeMem=(72000000)for 72mb
FreeMem=(64000000)for 64mb
FreeMem=(32000000)for 32mb
FreeMem=(24000000)for 24mb

Don't forget more than your memory capacity.

                                                                 www.mmitdeveloper.blogspot.comညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, September 29, 2013

သူတစ်ပါး၏ Facebook ကို Password မသိဘဲ ခိုးသုံးနည်း |


http://img4.imageshack.us/img4/6596/rya.png 
MinMinITSolutions မှာတွေ့လို့ ပြန် share လိုက်ပါတယ်။ ဟက်ကင်း(hacking) ပညာတစ်ခုပါ။ ခက်လည်းခက်သလို လွယ်လည်းလွယ်ပါတယ်။ Facebook တင်မကဘူး။ တခြား social networking ကိုလည်း ဟက်လို့ရတယ်ထင်ပါတယ်။ MHU က Hearless ရေးထားတာဖြစ်ပါတယ်။အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။


Download => Link 1 / Link 2 / Link 3

ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Thursday, September 19, 2013

Winrra ဖြင့် portable ပြုလုပ်နည်း

portable ဆိုတာဘာလဲ.....?portable ဆိုတာက install လုပ်စရာမလိုပဲ memory stick ထဲထည့် ပြီးဘယ်သွားသွားယူသွားလို့ ရသလို game ကအစ application အဆုံးပြုလုပ်လို့ ရပါတယ်။
အင်တာနက်ဆိုင်တွေမှာအသုံးပြုတဲ့ သူငယ်ချင်းတွေဆိုရင်တော့ မိမိတို့ နှစ်သက်တဲ့ (ဥပမာ-photoshop ;internet download manger ;firefox browser စသည်ဖြင့် အများကြီးပြုလုပ်လို့ ရပါတယ်ခင်ဗျာ။
ဒီနေ့ တော့ portable ပြုလုပ်နည်းလေးကိုအလွယ်အကူဆုံးပြုလုပ်နည်းတစ်ခုဖြစ်တဲ့  win rar ကိုသုံးပြီးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။win rar ကတော့ စက်တိုင်းလိုလိုမှာရှိပြီးသားဖြစ်မှာပါမရှိသေးရင် google မှာဒေါင်းပါ။ဒီနေရာမှာinternet download manger ကိုအသုံးပြုပြီးportable တစ်ခုပြုလုပ်ပေးသွားပါမယ်ခင်ဗျာ။
(အဆင့် -၁ )  desktop မှာ IDM Floder အလွတ်တစ်ခုဆောက်ပါ။
(အဆင့် -၂)   start > all program > IDM open file location >ကနေသွားပြီး ရှိသမျှဖိုင်တွေအကုန်လုံးကို copy ယူပါ။အောက်မှာပုံလေးပြထားပေးပါတယ်
(အဆင့် -၃ )  copy ယူလာသောဖိုင်ကို  desktop ပေါ်ရှိ IDM Folder ထဲကို paste လုပ်ပါ။ပြီးရင် win rar ထဲမှ add to archive ထဲကိုထည့် လိုက်ပါ။
(အဆင့် -၄ )  general archive name နေရာတွင် internet download manger .portable.rar ဟုအမည်ပေးပါ။ create SFX archive ကိုအမှတ်ဖြစ်ပါ။
(အဆင့် -၅)  advanced ကိုနိပ်ပြီး SFX options ကိုနိပ်ပါ။
 (အဆင့် -၆ ) အောက်ကပုံအတိုင်း internet download manger .exe လို့ အမည်ပေးပါ။မှတ်ချက်(Desktop Folder ထဲမှ application ဖိုင်ကနာမည်အတိုင်းInternet download manger.exe ဟု နာမည်ပေးပါ)
(အဆင့် -၇) modes ကိုသွားပြီး unpack to tempoary floder နှင့်  hide all ကိုအမှတ်ဖြစ်ပါ
  (အဆင့် -ဂ ) ဒီအဆင့် မှာတော့  icon ပြုလုပ်ခြင်းဖြစ်ပါတယ်။portable ပြုလုပ်ခြင်းမှာicon မလုပ်လည်းပြသနာမရှိသောကြောင့် မဖော်ပြတော့ ပါခင်ဗျာ။
(အဆင့် -၉ ) Desktop ရှိ IDM folder ထဲမှာ IDM Portable ကလွဲရင်ကျန်တဲ့ ဖိုင်တွေပြန်ဖျက်ပါ။
(အဆင့် -၁၀ )  logo လုပ်ချင်သူများအတွက်ကတော့  ok မနိပ်သေးပဲ tex  and icon ကိုနိပ်ပြီး load SFX icon fron the file မှာ မိမိ ထားချင်တဲ့ icon ကိုထည့် ပါ။ extension မှာ .ico ဖြစ်ရပါမြည်။
မှတ်ချက်။portable ဖွင့် မရဖြစ်ခဲ့ သော်  desktop မှ folder နှင့် မူလဆော့ ဝဲမှ application အမည်လွဲနေသောကြောင့် ဖြစ်ပါသည်။ rar / exe ဆိုတဲ့ လက္ခာလေးတွေထည့် ပေးဖို့ မမေ့ ပါနဲ့ ခင်ဗျာ။
IDM Portable အသုံးမပြုမီ Mozilia Firefox ; Internet exploer တို့ ကိုပိတ်ပြီးမှ IDM ကို RUN ပါ
အသစ်တင်တိုင်း facebook ကနေဖတ်ချင်တယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

သင့် Email Inbox မှာဘယ်ကမှန်းမသိတဲ့ Junk Mail,Spam Mail တွေရောက်နေလား? ဒီနည်းနဲ့ ရှင်းလိုက်ပါ။

unsubscriber
သင့် Email Inbox မှာ ဘယ်ကမှန်းမသိတဲ့ Junk Mail,Spam Mail တွေနေ့ တိုင်းရောက်နေမယ်ထင်ပါတယ်။ဒါ့အပြင် သင် Subscribe လုပ်ထားတဲ့ ၀က်ဆိုက်တွေက အီးမေးတွေ၊ Social Media တွေကအီးမေးတွေ လည်း နေ့ တိုင်းအများအပြားဝင်လာမှာပါ။အဲဒီမေးတွေကို တစ်ခုချင်းစီဖွင့်ပြီး သက်ဆိုင်ရာ ၀က်ဆိုက်ကိုသွားပြီး Unsubscribe လုပ်ရတာအလုပ်ရှုပ်ပါတယ်။အဲဒီလို အလုပ်မရှုပ်ချင်ရင် Unsubscriber  ဆိုတဲ့ Free Web Service ကိုသုံးပါ။
Unsubscriber ၀က်ဆိုက်ကိုသွားပြီး Signup လုပ်ပါ။အကောင့်အသစ်လုပ်စရာမလို ပါဘူး။ Gmail,Outlook,AOL,Yahoo စတဲ့ မေးတွေနဲ့   Link လုပ်ပြီး Permission ပေးပါ။ပြီးရင်  သင့် အီးမေး ၀က်ဆိုက်ကို သွားကြည့်ရင် Unsubscribe ဆိုတဲ့ ဖိုဒါတစ်ခု တွေ့ မြင်ရမှာဖြစ်ပါတယ်။ Unsubscribe လုပ်ချင်တဲ့ အီးမေးကို Unsubscribe ဖိုဒါထဲကို ပြောင်းပေးလိုက်ရုံပါပဲ။ဒါဆိုရင် Unsubscriber က အလိုလို Unsubscribe လုပ်ပေးပါလိမ့်မယ်။
ashampoo 03

ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, September 8, 2013

win rar ဖြင့် software များအား protable version အလွယ်ဆုံးလုပ်နည်း (Tutorial)

win rar နှင့် protable လုပ် နည်း လေးဝေမျှရေးသားလိုက်ပါတယ်။protable ဆော့ဝဲလေးတွေဆိုတာ pen drive ထဲ အလွယ်တကူထည့်ဆောင်ထားလို့ ရတော့ ကိုယ်နဲ့ အတူသယ်သွားပြီး လိုတဲ့အချိန် ဘယ်နေရာသုံးသုံး အလွယ်တကူ သုံးလို ရတာပေါ့ ။ကိုယ်သုံးနေကျ application လေးတွေ player လေးတွေ ဂိမ်းလေးတွေ က ကိုယ့်  ကွန်ပျူတာမှာတော့ရှိတယ် သူငယ်ချင်း ကွန်ပျူတာ ကိုခဏယူသုံးတုန်း ၊အင်တာနက်ဆိုင်လို နေရာမျိုး ရောက်တုန်း  ကိုယ်သုံးနေကျလေးနဲ ဘဲ သုံးချင်သူများအတွက် ဆိုရင်တော့ကိုစက်ထဲက ကိုကြိုက်တာလေးတွေကို protable လေးလုပ် pen drive ထဲထည့်ထားရင် ဘယ်ရောက်ရောက် အလွယ်တကူသုံးလို ရတာပေါ့။protable လုပ်ချင်သူများအတွက် win rar နှင့် protable လုပ်နည်းလေးအောက်မှာကြည့်ပြီး လိုက်လုပ်ကြည့်ပါ။

 

Monday, September 2, 2013

နည်းပညာတွေလေ့လာကြရအောင်ဗျာ

http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင်
http://: http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်….
http://www.thelist.com/countrycode.html#top နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်….
http://mmastrology.myanmarbloggers.org/ မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်

http:// http://chitoophoto.blogspot.com/ blog နှင့် I T နည်းပညာ
http:// 
http://www.deathclock.com/index.cfm ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား….အောက်မှာဆက်ကြည့်နော်

Tuesday, August 27, 2013

Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း လေးပါ

Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း လေးပါကွန်ပျူတာကို password 

ခံထားတတ်ကြပါတယ်passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ 

ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ..

 

Saturday, August 17, 2013

IDM ရဲ့ Download Speed ကိုလန်ထွက်နေအောင်မြှင့်မယ်


IDM ဆိုတာ ဒေါင်းလုပ်စပိကို လန်ပျံနေအောင်ဆွဲတဲ့ကောင်လေးပါ
သူနဲ့ ဒေါင်းလုပ်ဆွဲပီဆိုရင် အဲဒီ Network ထဲမှာ Connection တွေ
က Weak ဖြစ်သွားပီး အဲဒီ ဒေါင်းနေတဲ့ စက်မှာပဲ သွားပီး စုနေတာ
များပါတယ်။ အဲဒီထက် ပိုပီး Download Speed ကို ထပ်တိုးမယ်
ဆိုရင်တော့ ဘယ်လိုပြောရမလည်း ခန့်စည်သူပြောသလိုပေါ့
ဗဲရီးဂွတ်ပေါ့ဗျာ… ကဲ ဘယ်လုပ်လုပ်ရမလည်း ပြောရတာပေါ့..
အရင်ဆုံးထုံးစံအတိုင်း IDM Application ကိုဖွင့်လိုက်ပါ

Friday, August 2, 2013

Email အကောင့်ဖျက်နည်း


minnthetpaing .apk : G mail အကောင့်ဖျက်တဲ့နည်းလေးသိချင်ပါတယ်။
 Gmail တစ်ခုဟာ သာမန်အားဖြင့် ကိုယ်တိုင်မဖျက်သမျ မပျက်ပါဘူး.. အဲဒီ Gmail ကိုလည်း မလိုချင်တော့ဘူးဆိုရင် ဖျက်ပစ်ဖို့ နည်းလမ်းလေး ပြောပြပါမယ်.. ဒီနည်းက လုံးဝ ပြန်ဆည်လို့မရတော့ဘူးနှော်..

Monday, July 22, 2013

MS word မှာ သင်္ကေတများ ရေးနည်း


Cbox ထဲမှာ Office Word နဲ့ပတ်သက်ပြီး Tutorial ကို ဆက်ရေးဖို့ တောင်းထားပါတယ် .. တိုက်တိုက်ဆိုင်ဆိုင်ပဲ Facebook က သူငယ်ချင်းတစ်ယောက်က သင်္ချာ သင်္ကေတတွေပါတဲ့ မေးခွန်းတစ်စုံကို အရေးတကြီးရိုက်စရာရှိလို့ Word မှာ ရိုက်ပုံရိုက်နည်းတင်ပေးမယ်ဆိုပြီး ပြောလိုက်ပါတယ် .. အဲဒီတော့ လောလောဆည် အရေးတကြီးဖြစ်နေတဲ့ သင်္ချာသင်္ကေတတွေ ရေးသားနည်းကို တင်ပေးလိုက်ပါတယ်

အင်တာနက် search engine တွေမှာ professional တစ်ယောက်အဖြစ်ကိုလိုချင်တာကိုအလွယ်တကူရှာကြမယ်


ဒီနေ့ အင်တာနက်မှာကိုလိုချင်တာကို pro တစ်ယောက်လိုရှာကြမယ်ဗျာ။ google ; Yahoo ;lii;Dmz စသည်ဖြင့် search engine တွေမှာ မိမိလိုချင်တဲ့ အကြောင်းအရာကိုရှာတဲ့ အခါမှာ မိမိအထူးပြုတဲ့ အကြောင်းအရာကိုဖော်ပြပေးနိုင်မှသာ rescult အများကြီးကိုရှောင်ရှားနိုင်ပြီးကိုယ် လိုချင်တဲ့ အကြောင်းအရာကိုမြန်မြန်ဆန်ဆန်ရှာနိုင်မှာပါ။ကဲအောက်မှာကြည့် လိုက်ကျရအောင်ဗျာ

Saturday, July 20, 2013

MRTV LIVE နှင့် MWD LIVE တို့ကို ဖုန်းထဲကနေ ကြည့်ကြရအောင်


MRTV LIVE နှင့် MWD LIVE တို့ကို ဖုန်းထဲကနေ အဆင်ပြေပြေကြည့်လို့ရမယ့်နည်းလေးလာပါပြီ။
လိုအပ်တဲ့ ဆော့ဝဲံလေးကိုတော့ ဒီမှာ ဒေါင်းလိုက်ပါ။
ဒီမှာလဲ ဒေါင်းလို့ရပါတယ်ဗျ
အရင်ဆုံးမြ၀တီကြည့်နည်းကိုပြောပြပါ့မယ်။
ဆော့ဝဲလေးကို install မောင်းပြီးဖွင့်လိုက်ပါ။ပြီးရင် အောက်ပါအတိုင်း ညာဖက်ထိပ်က အစက်သုံးစက်ကို နှိပ်လိုက်ပြီး အပေါ်ဆုံးက Open URL ကိုနှိပ်ပါ။


ပြီးရင်အောက်ပါပုံအတိုင်း Title မှာ မိမိကြိုက်ရာထည့်နိုင်ပါတယ်။ဒီမှာတော့ MWD လို့ရေးလိုက်ပါတယ်။
 Stream URL ထည့်ရမယ့်နေရာမှာ http://www.myawaddy.net.mm/mwdlive  ဆိုတာလေးကို ရိုက်ထည့်လိုက်ပါ။


  တကယ်လို့ ထည့်ရမှာပျင်းရင် ဒီလင့် ပေါ်ကိုဖုန်းကိုသုံးပြီးနှိပ်လိုက်ပါ။ဒါဆို အေက်ပါအတိုင်းရွေးခိုင်းပါလိမ့်မယ်။


ဒီ Vplayer ကိုရွေးပြီး Always ဒါမှမဟုတ်၊Default ကိုရွေးနှိပ်လိုက်ပါ။
ဒါဆိုရင်မြ၀တီကို ကြည့်လို့ရပါပြီ။မြ၀တီက Stream URL မပြောင်းလဲတဲ့အတွက် အဲဒီ player ထဲက ခုနက MWD ခေါင်းစဉ်ပေါ်မှာ နှိပ်လိုက်ရုံနှင့် နောက်တစ်ခါမှာတော့ player ကနေတိုက်ရိုက်ကြည့်နိုင်ပါပြီ။်မြ၀တီကြည့်နည်းနောက်တစ်နည်းကို ဒီမှာ လေ့လာပါ။

MRTV LIVE ကြည့်ဖို့ကတော့ ဒီလင့်  လေးကို အရင်သွားလိုက်ပါ။ဖုန်းထဲကနေ သွားရင် ပိုအဆင်ပြေပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ ဖုန်းနှင့်ကြည့်မှာမို့ပါ။ အဲဒီမှာ MRTV LIVE ရဲ့ Stream URL က အမျိုးမျိုးပြောင်းနေလို့ အရင်တစ်ခါကြည့်ပြီးသားကို player ကနေ နှိပ်ကြည့်ရင် အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် ဒီပေ့လေးကို Bookmark မှတ်ထားဖို့လိုပါတယ်။ဒါမှ နောက်တစ်ကြိမ်သုံးချင်ရင် အလွယ်တကူ ပြန်ရှာလို့ရမှာပါ။ အဲဒီမှာ အောက်ပါအတိုင်းတွေ့ရမှာပါ။



အဲဒီထဲက အပေါ်ဆုံး Player ပေါ်က Play icon ပေါ်မှာ နှိပ်လိုက်ပါက အောက်ပါအတိုင်းရွေးခိုင်းပါလိမ့်မယ်။
Vplayer ကို Always ဒါမှမဟုတ် Default ကို ရွေးပေးလိုက်ပါ။ဒါဆို နောက်တစ်ခါ Browser ကနေ ပြန်ကြည့်တဲ့ အခါ ထပ်မရွေးခိုင်းတော့ ပဲ Play Icon ပေါ်ကို နှိပ်တာနှင့် တန်းပွင့်ပါလိမ့်မယ်။


ဒါဆို MRTV Live ကို ဖုန်းပေါ်ကနေ အဆင်ပြေပြေကြည့်နိုင်ပါပြီ။
ထူးခြားတာက မြ၀တီကို ကြည့်ရတာ လိုင်းမကောင်းရင် ကြည့်လို့အဆင်မပြေပါဘူး။
ဒီ MRTV LIVE ကတော့ ကျနော်တို့လို လိုင်းမကောင်းတဲ့ နေရာမှာတောင် အဆင်ပြေအောင် ကြည့်နိုင်ပါတယ်။ အသံတိုးတာနှင့်တစ်ခါတစ်လေ နောက်က အသံပါးပါးလေး ထပ်တာကလွဲံရင်ပေါ့။ ကျနော်စမ်းသပ်ရသလောက် MRTV LIVE ကို Download rate 20kb လောက်ရှိရုံနှင့်အဆင်ပြေပြေကြည့်လို့ရပါတယ်။




အော် player ရဲ့အောက်ခြေက icon တွေကိုမြင်ပြီ ကွန်ပူတာနှင့်ကြည့်တာလို့မထင်နှင့်နော်။ သူတို့က ကွန်ပူတာပေါ်ကဟာကို လွင့်တာ။ သူတို့လွင့်တဲ့အထဲမှာကို အဲဒါကပေါ်နေတာ ။တစ်ခါတစ်ရဲ Mouse က မြှားလေးတောင် ပေါ်လိုက်သေး။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေကြည့်ရတာကိုပဲ ကျေးဇူးတင်ရပြီ။
တကယ်လို့ Bookmark မှတ်ထားတဲ့ လင့်ကို ပြန်ဖွင့်လို့ အောက်ကအတိုင်းပေါ်နေရင် ဘာမှ လုပ်လို့မရဘူး။ သူတို့ မလွင့်သေးလို့လေ။ဟုတ်တယ် ။အချိန်ပြည့်လွင့်တာမှမဟုတ်တာ။



ဒါပေမယ့်ကျနော်တစ်ခုသံသယရှိတာက ဒါဟာ အရင်ရက်က ဟာတွေကို Delay ပြန်ပြတာလားဆိုတာပါပဲ။
ကျနော်တို့ဆီမှာ TV တောင် ကောင်းကောင်းမလွင့်တဲ့ဒေသမို့ အဲဒါကိုတော့ သေချာမပြောနိုင်ပါဘူး။
ကဲ အဆင်ပြေပါစေဗျာ။
အော် ဒါနဲ့
ဒီလင့်လေးကိုလည်း ထည့်ပြီး MRTV LIVE ကိုကြည့်နိုင်ပါတယ်။
rtmp://203.81.81.230/live/mrtv 
တစ်ခုနှင့်တစ်ခုကမတူဘူးလို့တော့ထင်တယ်။စမ်းသပ်တာကြည့်တော့ဗျာ။ အခုပေးတဲ့ လင့်က ကြည့်ရတာတော့ မကောင်းဘူး။ လိုင်းကောင်းမှရမယ်ထင်တယ်။ဒါပေမယ့် တကယ့်တိုက်ရိုက် ပြတာ ပိုဖြစ်နိုင်တယ်။ ကလိကြည့်လိုက်ကြပါတော့။
အိုင်တီစုဘူးလေးဆီကနေ ရလို့ ပြန်Share ပေးလိုက်တာပါ။
                                   ဒီမှာရှိတယ်
ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Wednesday, July 17, 2013

Android Device အတွက် ကိုယ်တိုင် Live Wallpaper လေး လုပ်ကြမယ်



Live Wallpaper ကို ကိုယ်တိုင် ပြုလုပ်နိုင်ဖို့အတွက် ကွန်ပျူတာထဲမှာ Java ထည့်ထားရပါမယ်။ Java ထည့်ရန် အတွက်ကတော့ >>> ဒီနေရာ <<< မှာ သွားဒေါင်းပြီး Install ထားလိုက်ပါ။

 ပြီးရင် Live Wallpaper ပြုလုပ်ပေးမယ့် Live Wallpaper Script  ဖိုင်ကို ဒေါင်းလိုက်ပါ။

Mediafire မှ ဒေါင်းရန် (Link 1)  >>> Download <<<
Mediafire မှ ဒေါင်းရန် (Link 2)  >>> Download <<<
4Shared မှ ဒေါင်းရန်                >>> Download <<<

ဒေါင်းလို့ရလာတဲ့ Custom Live Wallpapers.2.6.Zip ဖိုင်ကို ခွဲထားလိုက်ပါ။ ကိုယ် Live Wallpaper လုပ်ချင်တဲ့ ပုံလေးတွေကို .png format နဲ့ သိမ်းထားလိုက်ပါ။

ပြီးရင် ခုနက Zip ဖိုင်ကိုခွဲထားလို့ရလာတဲ့ Custom Live Wallpapers.2.6 ဖိုဒါ ထဲမှ placeimages ဖိုဒါထဲကိုဝင်ပါ။ အဲ့ဒိ ဖိုဒါထဲက ပုံလေးတွေရဲ့ နာမည် အတိုင်း ကိုယ် Wallpaper လုပ်ချင်တဲ့ ပုံလေးတွေရဲ့
နာမည်ကို (n01, n02, n03, n04, n05, ............. , n34, n35, n36, .........) အစရှိသဖြင့် Rename
ပြောင်းပြီး အစားထိုးထည့်ပေးလိုက်ပါ။ ပုံနည်းရင် နည်းသလို ထွက်လာမယ့် apk ဖိုင်ကလည်း ဆိုဒ်သေး
ပါလိမ့်မယ်။

အစမ်းသဘောပြုလုပ်ချင်သူတို့အတွက် Animation ပုံများ ပါဝင်တဲ့ Rar ဖိုင် ကို အောက်မှာ Download
ရယူလိုက်ပါ။ အဲ့ဒိ Rar ဖိုင်ကို ခွဲလိုက်ရင် အောက်ပါပုံအတိုင်း ကြောင်စုံတွဲပုံလေးတွေ (ပုံပေါင်း ၃၈ ပုံ) ပါလာပါလိမ့်မယ်။
Mediafire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန်  >>> Download <<<




ကိုယ်လုပ်တဲ့ Live Wallpaper.apk ဖိုင်ရဲ့ icon ကိုလည်း placeimages ဖိုဒါထဲက icon ဆိုတဲ့ ပုံလေး နေရာ မှာ အစားထိုး ထည့်လို့လည်း ရပါတယ်။













ပြီးသွားရင် Custom Live Wallpapers.2.6 ဖိုဒါ ထဲမှ Run.bat ဖိုင်လေးကို Double click နှိပ်ပြီး run ပေး
လိုက်ပါ။ ပုံအရေအတွက် ဘယ်နှပုံရှိသလဲလို့ မေးပါလိမ့်မယ်။ ဒါဆိုရင် ကြောင်စုံတွဲပုံ ၃၈ပုံရှိပါတယ်လို့
ဖြေပေးလို့မရပါဘူး။ haxadecimal အနေနဲ့ ဖြေပေးရမှာပါ။ ပုံ အရေအတွက် ၂၀ ဆိုရင် ၁၄လို့ဖြေပေးရ
မှာပါ။ အခု ပုံအရေအတွက်က (icon ပုံပါ အပါအ၀င်) ၃၉ ပုံဆိုတော့ ၂၇ လို့ဖြေပေး ရမှာ ဖြစ်ပါတယ်။ ပုံ အရေအတွက် ကို haxadecimal အနေနဲ့ သိချင်တယ်ဆိုရင်တော့  >>> ဒီဆိုက် <<< မှာ သွားချိန်လို့ရပါတယ်။ 

Decimal မှ Hexadecimal ချိန်းပုံ

27 လို့ ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။ ပြီးရင် apk ရဲ့ နာမည် ကို ရိုက် Enter ခေါက်၊ apk ရဲ့ description ကို ရိုက် Enter ခေါက်၊ apk ရဲ့ package name ကိုရိုက် Enter ခေါက် (ဒါတွေကတော့ ကိုယ်ပေးချင်တဲ့ နာမည်ပေးလို့ရပါတယ်။) အားလုံးပြီးသွားရင်တော့ ကိုယ်လုပ်လိုက်တဲ့ Live Wallpaper
ဟာ ဖိုဒါ ထဲမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
                                                         ဒီနေရာကနေမလာတာပါမရောက်ဘူးရင်သွားလိုက်ဦး

ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, March 10, 2013

Notepad မှာ Zawgyi Font နဲ့ မြန်မာစာရိုက်ကြရအောင်။


    
           ကျနော် အခုရေးချင်တာကတော့ Beginner များအတွက် ရည်ရွယ်ပါတယ်။ Windows မှာ Default ပါတဲ့ Notepad ထဲမှာ Zawgyi Font နဲ့ မြန်မာလို ရိုက်ကြရအောင်လားဗျာ။ ရိုက်လို့မရတာ
တော့ မဟုတ်ပါဘူး။ ရပါတယ်။ Save လိုက်တဲ့အခါ ပြဿနာပေါ်တက်လို့ပါ။ ကျနော်ကြုံတွေ့ခဲ့ရတာ
လေးတွေ ပြန်မျှဝေမယ်ဗျာ။

 Notepad လေးကို ဖွင့်ပြီး ဇော်ဂျီဖောင့်နဲ့ ကြိုက်တာကို မြန်မာလိုရိုက်လိုက်ပါ။

 

  အားလုံးပြီးလို့ Save လုပ်လိုက်တဲ့ အခါ အထက်ပါ  Message Box လေး ပေါ်လာပါလိမ့်မယ်။
     OK ကိုနှိပ်လိုက်တဲ့ အခါ.........................................

 အထက်က ပုံထဲကလို မြန်မာစာတွေက ??? တွေဖြစ်ကုန်တာတွေ့ရပါတယ်။ 
  
 ကဲ ဒီပြဿနာကို ဖြေရှင်းကြရအောင်ဗျာ။ လွယ်လွယ်ကလေးပါပဲ။ Notepad ထဲမှာ မြန်မာလို ပြန်ရိုက်ပါ။
Save လုပ်တဲ့ အခါ အပေါ်မှာပြခဲ့တဲ့ Message ပေါ်လာရင် OK မလုပ်ပဲ Cancel လုပ်လိုက်ပါ။ ဒါမှမဟုတ်
Save As... နဲ့ save လိုက်ပါ။ 


 အထက်ပါ အတိုင်း Save As Box လေးကျလာပါလိမ့်မယ်။ အောက်ဆုံးက Encoding နေရာမှာ Unicode  ရွေးပြီး Save လုပ်နိုင်ပါပြီ။

Confirm Save As ဆိုပြီး Message Box လေးတက်လာရင် Yes လုပ်လိုက်ပါ။ ဒါဆိုရင် Notepad မှာ
Zawgyi Font နဲ့ မြန်မာစာရေးတာ အောင်မြင်သွားပါပြီ။ ကျနော်လို ကြုံတွေ့နေတဲ့ မိတ်ဆွေများ 
စမ်းကြည့်လိုက်တော့ဗျာ။

" အားလုံး အရာရာ အဆင်ပြေကြပါစေ။ "

ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Monday, March 4, 2013

USB Stick နဲ့ Window 7 တင်နည်း


Window 7 ကို ကျနော်တို USB Stick ကနေတင်တဲ့နည်းလေးပါ။အခွေနဲတင်တာနဲ USB Stick တင်တာဘာကွာလဲဆိုတော့ USB Stick နဲတင်တာက ပိုပြီး အလုပ်မြန်မြန်ပြီးပါတယ်။နောက်ပြီး ကွန်ပျုတာက DVD Rom ကိုလည်း သက်သာစေပါတယ်။တစ်ချို ROM မရှိတဲ့ စက်တွေကို စတစ် နဲတင်လိုရပါတယ်။ကျနော်ကိုယ်တိုင်တင်တာ ဆယ့်ငါးမိနစ်ပဲကြာပါတယ်။
စတစ်မှာတင်ဖိုအတွက် ကျနော်တို လိုအပ်တာတွေကတော့

USB Stick 4GB အလွတ်တစ်ခု
Window 7 ISO ဖိုင်
Window 7 USB Tool လေးပါ။
Windows 7 USB Tool
ဆော့ဝဲကိုအင်စတောလုပ်လိုက်ပါ။အားလုံးပြီးသွားရင် Desktop မှာ Icon လေးပေါ်လာပါလိမ်မယ်။
အဲ့ ကောင်လေးကို Click လုပ်ပြီး ဖွင့်လိုက်ပါ။
Windows 7 USB TOol ISO select
ကျနော်တို Window 7 ISO ဖိုင်ရှိတဲ့နေရာကိုရွေးပေးလိုက်ပါ။
ကျနော်တိုက ဒီနေရာမှာ USB Device ကိုရွေးပေးလိုက်ပါ။DVD နဲ ဘမ်းမယ်ဆိုလည်းရပါဒယ်။
နောက်တစ်ဆင့်မသွားခင်ကျနော်တို USB Stick အလွတ်လေးကို ကွန်ပျုတာမှာ ထိုးထားလိုက်ပါ။
အခုဆို ကျနော် Stick နာမည်လေးနဲတပ်လာပါပြီ။ဒီလိုပြနေရင် Begin Copying လုပ်လိုက်ပါ။ 100% ပြည့်သွားတဲ့အထိစောင့်နေလိုက်ပါ။
100% ပြည့်သွားပြီဆို Run နေတဲ့ ဆော့ဝဲလေးကိုပိတ်လိုက်ပါ။
My Computer ထဲကိုသွားကြည့်လိုက်ပါ။
အဲ့လိုလေးပေါ်နေပါလိမ်မယ်။ဒီလိုဆိုကျနော်တို Stick ထဲဝင်လိုက်ပါ။
Windows 7 USB Drive Version Tweak
အပေါ်မှာပြထားတဲ့လမ်းကြောင်းအတိုင်းသွားပြီးတော့ "ei.cfg" ဖိုင်လေးကို Delete လုပ်လိုက်ပါ။
ဒီလိုဆိုကျနော်တို Window 7 ကို USB စတစ်နဲ တင်လိုရပါပြီ။ကိုယ်တင်မယ်ကွန်ပျုတာမှာ 
Boot Option ကို USB လိုရွေးပြီး ၀င်းဒိုးတင်နိုင်ပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ.............................

ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, February 16, 2013

Right Click ရဲ့ နောက်ခံကိုပြောင်းကြမယ်..


မိမိတို့ ကွန်ပြူတာမှာ Right Click နှိပ်လိုက်လို့ ပေါ်လာတဲ့ ပုံမှာ နောက်ခံပုံလေးကိုထည့်ကြည့်ကြမယ်ဗျာ.
အသုံးပြုရတာကတော့ လွယ်ပါတယ်ဗျာ Software လေးကိုအရင်ဆုံးဒေါင်းလိုက်ပါ အောက်ကလင့်မှာ
စမ်းကြည့်ချင်တယ် ကြိုက်တယ်ဆိုရင်တော့ ဒေါင်းလိုက်ကြပါဗျာ

Download

ပြီးရင် အဲဒါလေးကိုဖွင့် .. အောက်က ပုံလေးကတော့ Software လေးကို ဖွင့်လိုက်ရင်မြင်ရမယ့် ပုံလေးပါ


ဟုတ်ပြီနော် အဲဒီကနေ.. Browse Image ကနေ ကိုယ့်ထည့်ချင်တဲ့ပုံလေးကိုရွေးပေးမယ်ဗျာ..


ပြီးသွားပြီဆိုရင်တော့ Apply ပေါ့နော်.....ပုံလေးကို ကိုယ်လိုချင်သလို မြင်ရဖို့အတွက်ကိုတော့ ကိုယ့်ဘာသာ
ချိန်ပေးရတာပေါ့....ပြီးရင် Apply ကိုနှိပ်.... Context Munu Image Succesfully Change ဆိုပြီးပေါ်လာပါလိမ့်မယ် ....OK ပေါ့နော်....

ပြီးရင် Desktop ပေါ်မှာဘဲဖြစ်ဖြစ်ပေါ့ Rightclick ကလေးကိုနှိပ်လိုက်တာနဲ့ကိုယ်ထည့်ထားတဲ့ပုံလေးကို နောက်ခံလေးအဖြစ်မြင်ရမှာပါ.....
အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်.....အဆင်ပြေကြပါစေ ...

ဒီကမလာတာပါ



ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

How To Make Partition In Windows7(100% works)

ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Partitioning an External Hard Drive: Windows Edition

ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, February 9, 2013

Complete Network Guide (မြန်မာလို)

Networking အကြောင်းနဲ့ ပတ်သက်ပြီး လေ့လာချင်တဲ့သူများ၊ စိတ်ဝင်စားတဲ့သူများ အတွက်ကတော့ တန်ဖိုးဖြတ်မရတဲ့ စာအုပ်တစ်အုပ်ပါ. ဆရာ ဦးဇော်လင်း ရေးထားတာပါ. networking နဲ့ ပတ်သက်ပြီး သိသင့်တာနှင့် လက်တွေ့အသုံးချပုံတွေကို အသေးစိတ်ကျကျ ရှင်းပြထားပါတယ်. မ၀ယ်နိုင်သူများနှင့် နယ်ဝေးရောက်နေတဲ့ သူများအတွက် အဆင်ပြေနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်.

Filecloud | Sharebeast | mediafire  (or) Mediafire | Ziddu

ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

 

Copyright @ 2013 Nyi Thawe.