Saturday, July 20, 2013

MRTV LIVE နှင့် MWD LIVE တို့ကို ဖုန်းထဲကနေ ကြည့်ကြရအောင်


MRTV LIVE နှင့် MWD LIVE တို့ကို ဖုန်းထဲကနေ အဆင်ပြေပြေကြည့်လို့ရမယ့်နည်းလေးလာပါပြီ။
လိုအပ်တဲ့ ဆော့ဝဲံလေးကိုတော့ ဒီမှာ ဒေါင်းလိုက်ပါ။
ဒီမှာလဲ ဒေါင်းလို့ရပါတယ်ဗျ
အရင်ဆုံးမြ၀တီကြည့်နည်းကိုပြောပြပါ့မယ်။
ဆော့ဝဲလေးကို install မောင်းပြီးဖွင့်လိုက်ပါ။ပြီးရင် အောက်ပါအတိုင်း ညာဖက်ထိပ်က အစက်သုံးစက်ကို နှိပ်လိုက်ပြီး အပေါ်ဆုံးက Open URL ကိုနှိပ်ပါ။


ပြီးရင်အောက်ပါပုံအတိုင်း Title မှာ မိမိကြိုက်ရာထည့်နိုင်ပါတယ်။ဒီမှာတော့ MWD လို့ရေးလိုက်ပါတယ်။
 Stream URL ထည့်ရမယ့်နေရာမှာ http://www.myawaddy.net.mm/mwdlive  ဆိုတာလေးကို ရိုက်ထည့်လိုက်ပါ။


  တကယ်လို့ ထည့်ရမှာပျင်းရင် ဒီလင့် ပေါ်ကိုဖုန်းကိုသုံးပြီးနှိပ်လိုက်ပါ။ဒါဆို အေက်ပါအတိုင်းရွေးခိုင်းပါလိမ့်မယ်။


ဒီ Vplayer ကိုရွေးပြီး Always ဒါမှမဟုတ်၊Default ကိုရွေးနှိပ်လိုက်ပါ။
ဒါဆိုရင်မြ၀တီကို ကြည့်လို့ရပါပြီ။မြ၀တီက Stream URL မပြောင်းလဲတဲ့အတွက် အဲဒီ player ထဲက ခုနက MWD ခေါင်းစဉ်ပေါ်မှာ နှိပ်လိုက်ရုံနှင့် နောက်တစ်ခါမှာတော့ player ကနေတိုက်ရိုက်ကြည့်နိုင်ပါပြီ။်မြ၀တီကြည့်နည်းနောက်တစ်နည်းကို ဒီမှာ လေ့လာပါ။

MRTV LIVE ကြည့်ဖို့ကတော့ ဒီလင့်  လေးကို အရင်သွားလိုက်ပါ။ဖုန်းထဲကနေ သွားရင် ပိုအဆင်ပြေပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ ဖုန်းနှင့်ကြည့်မှာမို့ပါ။ အဲဒီမှာ MRTV LIVE ရဲ့ Stream URL က အမျိုးမျိုးပြောင်းနေလို့ အရင်တစ်ခါကြည့်ပြီးသားကို player ကနေ နှိပ်ကြည့်ရင် အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် ဒီပေ့လေးကို Bookmark မှတ်ထားဖို့လိုပါတယ်။ဒါမှ နောက်တစ်ကြိမ်သုံးချင်ရင် အလွယ်တကူ ပြန်ရှာလို့ရမှာပါ။ အဲဒီမှာ အောက်ပါအတိုင်းတွေ့ရမှာပါ။



အဲဒီထဲက အပေါ်ဆုံး Player ပေါ်က Play icon ပေါ်မှာ နှိပ်လိုက်ပါက အောက်ပါအတိုင်းရွေးခိုင်းပါလိမ့်မယ်။
Vplayer ကို Always ဒါမှမဟုတ် Default ကို ရွေးပေးလိုက်ပါ။ဒါဆို နောက်တစ်ခါ Browser ကနေ ပြန်ကြည့်တဲ့ အခါ ထပ်မရွေးခိုင်းတော့ ပဲ Play Icon ပေါ်ကို နှိပ်တာနှင့် တန်းပွင့်ပါလိမ့်မယ်။


ဒါဆို MRTV Live ကို ဖုန်းပေါ်ကနေ အဆင်ပြေပြေကြည့်နိုင်ပါပြီ။
ထူးခြားတာက မြ၀တီကို ကြည့်ရတာ လိုင်းမကောင်းရင် ကြည့်လို့အဆင်မပြေပါဘူး။
ဒီ MRTV LIVE ကတော့ ကျနော်တို့လို လိုင်းမကောင်းတဲ့ နေရာမှာတောင် အဆင်ပြေအောင် ကြည့်နိုင်ပါတယ်။ အသံတိုးတာနှင့်တစ်ခါတစ်လေ နောက်က အသံပါးပါးလေး ထပ်တာကလွဲံရင်ပေါ့။ ကျနော်စမ်းသပ်ရသလောက် MRTV LIVE ကို Download rate 20kb လောက်ရှိရုံနှင့်အဆင်ပြေပြေကြည့်လို့ရပါတယ်။




အော် player ရဲ့အောက်ခြေက icon တွေကိုမြင်ပြီ ကွန်ပူတာနှင့်ကြည့်တာလို့မထင်နှင့်နော်။ သူတို့က ကွန်ပူတာပေါ်ကဟာကို လွင့်တာ။ သူတို့လွင့်တဲ့အထဲမှာကို အဲဒါကပေါ်နေတာ ။တစ်ခါတစ်ရဲ Mouse က မြှားလေးတောင် ပေါ်လိုက်သေး။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေကြည့်ရတာကိုပဲ ကျေးဇူးတင်ရပြီ။
တကယ်လို့ Bookmark မှတ်ထားတဲ့ လင့်ကို ပြန်ဖွင့်လို့ အောက်ကအတိုင်းပေါ်နေရင် ဘာမှ လုပ်လို့မရဘူး။ သူတို့ မလွင့်သေးလို့လေ။ဟုတ်တယ် ။အချိန်ပြည့်လွင့်တာမှမဟုတ်တာ။



ဒါပေမယ့်ကျနော်တစ်ခုသံသယရှိတာက ဒါဟာ အရင်ရက်က ဟာတွေကို Delay ပြန်ပြတာလားဆိုတာပါပဲ။
ကျနော်တို့ဆီမှာ TV တောင် ကောင်းကောင်းမလွင့်တဲ့ဒေသမို့ အဲဒါကိုတော့ သေချာမပြောနိုင်ပါဘူး။
ကဲ အဆင်ပြေပါစေဗျာ။
အော် ဒါနဲ့
ဒီလင့်လေးကိုလည်း ထည့်ပြီး MRTV LIVE ကိုကြည့်နိုင်ပါတယ်။
rtmp://203.81.81.230/live/mrtv 
တစ်ခုနှင့်တစ်ခုကမတူဘူးလို့တော့ထင်တယ်။စမ်းသပ်တာကြည့်တော့ဗျာ။ အခုပေးတဲ့ လင့်က ကြည့်ရတာတော့ မကောင်းဘူး။ လိုင်းကောင်းမှရမယ်ထင်တယ်။ဒါပေမယ့် တကယ့်တိုက်ရိုက် ပြတာ ပိုဖြစ်နိုင်တယ်။ ကလိကြည့်လိုက်ကြပါတော့။
အိုင်တီစုဘူးလေးဆီကနေ ရလို့ ပြန်Share ပေးလိုက်တာပါ။
                                   ဒီမှာရှိတယ်
ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

ပျော်ရွှင်ပါစေ...

 

Copyright @ 2013 Nyi Thawe.