Wednesday, November 23, 2016


Xiaomi Devices အားလုံးကို Mi Flash Unlock Tool ဖြင့်
Bootloader Unlock ပြုလုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီပိုစ့်ကို ရေးချင်နေခဲ့တာ ကြာလှပါပြီ March လလောက်ကတည်းပေါ့
ဆရာတွေ ရေးတင်ကြမလားဆိုပြီးစောင့်နေတာ တစ်ခြား Tool တွေပဲ
ထွက်ရှိလာတယ် ဒီနည်းလမ်းလေးကို ပြန်လည် ရေးကြတာသိပ်မတွေ့မိဘူး

သိတဲ့သူတွေကြတော့လည်း စာရေးရမှာ အချိန်မပေးနိုင်တာနဲ့ မရေးဖြစ်ကြ
တစ်ခြား နည်းပညာ ညီအကိုများ ရေးတင်မလားကြည့်တော့လည်း မပေါ်လာ


ဒီနေ့ Xiaomi Mi Max ဖုန်းအတွက် CM13 ROM ထွက်လာတော့ Custom Rom
တင်နည်းလေးကို ပေးလိုက်ပါဦးမယ် လုပ်ရော့ ဟော...လွယ်တာမှတ်လို့

၁။ Bootloader Unlock ပြုလုပ်ထားရမယ်

၂။ Root access ရရှိထားရမယ်

၃။ Custom Recovery ထည့်သွင်းထားရမယ်။

စတဲ့ Step လေးတွေက ရှိနေပြန်တော့လည်း Xiaomi Devices အားလုံးကို
Mi Flash Unlock Tool ဖြင့် Bootloader Unlock ပြုလုပ်နည်းကို ရေးဦးမယ်လို့
စိတ်ထဲ ထားပြီး အခုချိန်ထိ လူငယ်တွေကြားကို အရောက် မပို့ပေးနိုင်ခဲ့သေးတဲ့
ကျနော့်ရဲ့ ကြိုးစား အားထုတ်မှုကိုပဲ ပြန်လည် အပြစ်မြင်မိတော့တယ်ဗျာ...

ယခု ပိုစ့်ကတော့ ဖုန်းပြုပြင်နည်း ဆိုင်ရာကို လေ့လာလိုက်စားနေကြတဲ့ လေ့လာခါစ
ညီအကိုများအတွက် သိထားသင့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

သိပြီးသား ဆရာတွေကတော့ မြင်တာနဲ့ အော်... ဒါလေးများ ဆိုပြီး ပိုစ့်ကို ပြီးအောင်
ဖတ်ဖြစ်မယ်မထင်ပါ... ဘာပဲဖြစ်ဖြစ် လာရောက် အားပေးကြတဲ့အတွက် ကျေးဇူးပါတယ်။

စမတ်ဖုန်းလောကတွင် မြန်မာနိုင်အတွင်း ဈေးကွက်လောကထဲ နာမည်ကြီး ဖုန်းများနဲ့
နည်းတူ ၀ှုန်းထ လာတဲ့ နာမည်ကြီး Xiaomi Devices အားလုံးကို အသုံးပြုဖူးသူတိုင်း
Xiaomi Devices များ၏ ကောင်းကျိုးများကို အကြိုက်တွေ့ကြမယ်လို့ထင်ပါတယ်။

ဒီအတွက်လည်း Xiaomi Devices ဟာ အချိန်ဟုန် အတိုးအတွင်းမှာ အောင်မြင်မှုကို
အမိအရ ဆုတ်ကိုင်နိုင်ခဲ့တာလည်းဖြစ်မယ်ထင်ပါတယ်၊ ပြောစရာ မရှိလောက်အောင်
ပြင်ဆင်ပြီးမှ ဈေးကွက်ထဲ တိုးဝင်လာတဲ့ ဒီဖုန်း Brands အတွက် မြန်မာများ ဖြစ်ကြတဲ့
ကျနော့်တွေအတွက်လည်း မြန်မာစာ အမှန်များနဲ့ စတိုင်ရှိရှိ စတာ ဖြစ်ချင်နေကြတာချည်းပါပဲ။

ဒီနေရာမှာ ဖုန်းကို မြန်မာအမှန် အသုံးပြုရရုံဖြင့် မကျေနပ်နိုင်သေးတဲ့ Developer စိတ်ကူးလေး
ယဉ်ကြည့်သူ (သို့) Android System ကို Hack လုပ်ပြီး Super User အဖြစ်ဖြင့် ဖုန်းအတွင်းပိုင်ကို
ကလစ်ကြည့်ချင်တဲ့ လူတွေအတွက်တော့ ဖုန်းကို Bootloader Unlock ပြုလုပ်ကြည့်ချင်တာ
Root Access လည်း ရယူကြည့်ချင်တာ၊ Custom Recovery များထည့်သွင်းကြည့်ချင်တာ။
ပြီးတော့ Custom Rom အလန်းများဖြင့် မြူးတူးကြည့်ချင်တာ ဖြစ်နိုင်ရင် Stock Rom ကို
Full Backup ဆွဲထုတ်ပြီး Read & Write လုပ်ကြည့်ချင်တာ စသည့်ဖြင့် Android System ပိုင်းကို
စမ်းသပ်အသုံးပြုချင်နေကြတဲ့ သူတွေအတွက်ကတော့ Mi Flash Unlock Tool ဖြင့်
Bootloader Unlock ပြုလုပ်နည်းဆိုတာလည်း မသိမဖြစ် သိထားသင့် အရာတစ်ခုဖြစ်လို့နေမှာပါ။

ကိုယ်လေ့လာမိသလောက် ပြန်လည်မျှဝေပေးချင်တဲ့ စိတ်တစ်ခုကြောင့်
ဒီလောကထဲ တိုးဝင်လာမိတဲ့ ကျနော်ကတော့ ကိုယ်နဲ့ထပ်တူ အခွင့်အရေး
မရနိုင်ပဲ မလေ့လာဖြစ်ကြ သင်တန်း မတက်ဖြစ်ကြတဲ့ ညီအကိုများအတွက်
ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး ပြန်လည်မျှဝေပေးသွားဖို့ စိတ်ကူးပြီးသားပါ။

Xiaomi Devices အားလုံးကို Mi Flash Unlock Tool ဖြင့်
Bootloader Unlock ပြုလုပ်နည်းကို ဖတ်ဖြစ်အောင် ဖတ်ထားပါ။
ပြီးရင် စာအုပ်လေးကို သိမ်းထားပါ၊ တွဲတင်ပေးလိုက်တဲ့ Video ဖိုင်ကိုလည်း
စာအုပ်လေးနဲ့အတူ Folder လေး တည်ဆောက်ပြီး သိမ်းဆည်းထားပါ။

တစ်နေ့ နားလည်လာတဲ့အခါ ... သို့မဟုတ် Xiaomi Devices အားလုံးကို 
Mi Flash Unlock Tool ဖြင့် Bootloader Unlock ပြုလုပ်နည်းကို အရေးပေါ်လာ 
လိုအပ်လာတဲ့အခါ အလွယ်တကူ လေ့လာလို့ရအောင်ပေါ့ဗျာ

Mi Flash Unlock Tool ကိုတော့ ကျနော် India Developer ကရေးဆွဲထားတာပါ၊ တကယ်လည်း
ကောင်းမွန်လှပြီး Stable ကျလွမ်းလှပါတယ်၊ ဆိုင်သမားများအတွက် တကယ်ဆောင်ထားသင့်ပါတယ်

တကယ်လို့ သင့်ဖုန်းက Xiaomi Devices သာဖြစ်နေခဲ့မယ်ဆိုရင်တော့
ယခုဖေါ်ပြပါ နည်းလမ်းကို အထူးလေ့လာထားသင့်ပါတယ်၊ သိနေခဲ့ရင်
မလိုအပ်တဲ့ ငွေထွက်ပေါက်လေး တစ်ခုကို အလိုလို ပိတ်ဆီးထားမိရာ ကျနေမှာပါ။


ယခုဖေါ်ပြပါ Bootloader Unlock ပြုလုပ်နည်းသည်
Fastboot Mode ဖြင့် ပြုလုပ်နည်းပဲဖြစ်ပါတယ်။


မှတ်ချက်။

၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ခြင်းသည်
Phone Warranty ကိုပျက်စီးတတ်ပါတယ်။

၂။ ဖေါ်ပြနည်းလမ်းသည် Xiaomi devices အတွက်သာဖြစ်ပါတယ်။

၃။ သင့်ဖုန်းက damage ဖြစ်ခဲ့ရင်တော့ ဇူးနစ်(နည်းပညာ) မှတာဝန်မယူပါ။

၎။ ဖုန်းကို ကြိုတင်ပြီး Backup ပြုလုပ်ထားပါ။

၅။ ဖုန်းဘက်ထရီအား အနည်းဆုံး 50-60% charge နှုန်းရှိရပါမည်။



Download Mi Flash Unlock Tool


Download ADB Drivers


Download ADB Tool.zip



Bootloader Unlock ပြုလုပ်နည်း
==================
၁။ Mi Flash Unlock Tool ကိုဒေါင်းလော့ရယူလိုက်ပါ။

၂။ ကွန်ပျူတာတွင် MiFlashUnlock.exe ကိုထည့်သွင်းပြီးရင် ဖွင့်လိုက်ပါ။

၃။ အောက်ပါပုံအတိုင်း မြင်နေရရင်တော့ Agree ကိုနှိပ်ပါ။


၎။ အောက်ပါပုံအတိုင်း ရောက်လာခဲ့ရင်တော့ Mi Account အသင့်ရှိနေရင်
login ၀င်လိုက်ပါ၊ မရှိသေးရင်တော့ Create ပြုလုပ်လိုက်ပါ။


၅။ အကောက်ကို login ၀င်ပြီးရင်တော့ အောက်ပါစာကြောင်းအတိုင်း
Mesaage တစ်ခု ကိုတွေ့ရပါလိမ့်မယ်။

 “You don’t have the permission to Unlock the device”

၆။ Your device ins't supported by MI Unlock ဆိုပြီးမြင်နေရရင်လည်း
Go ကိုနှိပ်လိုက်ပါ၊ သို့တည်းမဟုတ် အောက်ပါလင့်တွင်သွားလိုက်ပါ။


Go to MIUI Unlock page



၇။ Unlock ပြုလုပ်အတွက် permission ရပြီးရင်တော့ Unlock Now ကိုနှိပ်ပါ။


၈။ အောက်ပါပုံအတိုင်း အဆင့်ရောက်ခဲ့ရင်တော့ လိုအပ်မည့် Info ကိုအပြည့်အစုံ
ဖြည့်လိုက်ပြီး အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ I confirm that I have စသည်ဖြင့်
ပါသည့် နေရာမှာ အမှန်ခြစ်ပေးပြီး Apply Now ကိုနှိပ်လိုက်ပါ။


၉။ ဖုန်းသို့ OTP Code လေးရောက်လာပါလိမ့်မယ်။


၁၀။ ပို့ပေးလာတဲ့ OTP Code များကို ထည့်ပေးပြီး Next ကိုနှိပ်ပါ။



၁၁။ OTP password ဖြင့် တင်သွားခြင်း အောင်မြင်ကြောင်း
အဆင်ပြေသည့်ဟု အောက်ပါပုံအတိုင်း မြင်နေရရင်တော့ အဆင်ပြေပါပြီ။


၁၂။ ဒီတစ်ခါ ကွန်ပျူတာတွင် ရှိသည့် Mi Flash tool သို့ပြန်သွားလိုက်ပါ။

၁၃။ Mi Account ကိုပြန်လည် login ၀င်လိုက်ပါ။



၁၄။ အောက်ပါပုံအတိုင်း Unlock ပြုလုပ်ရန်အတွက် အသင့်ဖြစ်နေပါပြီ။


၁၅။ ဖုန်းကိုပါဝါပိတ်ပြီး Vol Down + Power များကိုတွဲနှိပ်ပြီး ဖုန်းမှာ
Fastboot Mode သို့ဝင်လိုက်ပြီး USB ကြိုးဖြင့် ချိတ်ဆက်ပေးလိုက်ပါ။

၁၆။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေပြီး Phone conneted ဆိုပြီး
ပြနေခဲ့ရင်တော့ Tool မှ Unlock ဆိုတာကို နှိပ်ပေးလိုက်ပါ။


၁၇။ Unlocking process ပြုလုပ်နေတုန်း ပြီးဆုံးအောင်စောင့်နေလိုက်ပါ။


၁၈။ အောက်ပါပုံအတိုင်း Unlocked successfully ဆိုပြီးမြင်နေရရင်တော့
သင့်ဖုန်းကို Bootloader Unlock ပြုလုပ်ခြင်း အောင်မြင်ပါပြီ။


၁၉။ ဖုန်းမှာ Auto Reboot ကျပြီး ပြန်တက်လာပါလိမ့်မယ်။

၂၀။ သေချာသွားအောင်လို့ ဖုန်းကို ပါဝါပိတ်ပြီး Vol Down + Power များကို
တွဲနှိပ်ပြီး ဖုန်းမှာ Fastboot Mode သို့ဝင်လိုက်ပြီး USB ကြိုးဖြင့် ချိတ်ဆက်ပေးလိုက်ပါ။

၂၁။ ဒီတစ်ခါ Fastboot Command box ကိုဖွင့်လိုက်ပြီး အောက်ပါစာကြောင်းများကို
ရိုက်ထည့်ပြီး စစ်ကြည့်လိုက်ပါ၊ စာကြောင်း တစ်ကြောင်းပြီးတိုင်း Enter ကိုခေါက်ပါ။

fastboot devices

fastboot oem device-info

၂၂။ အောက်ပါပုံအတိုင်း Device Unlocked: ture ဆိုပြီး မြင်နေရရင်တော့
သင့်ဖုန်းကို Bootloader Unlock ပြုလုပ်ခြင်း အားလုံးပြီးဆုံးပါပြီ။




အောက်မှာတော့ Youtube ကလင့်တစ်ခုညွှန်ပေးထားပါတယ်


How to Unlock Bootloader
=================




ဇူးနစ်(နည်းပညာ)


www.zunite.org




ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

ပျော်ရွှင်ပါစေ...

 

Copyright @ 2013 Nyi Thawe.