Monday, July 22, 2013

Android 4.1 နှင့်အထက် ဖုန်းတွေအတွက် မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi Tool ထွက်ရှိ


Android အမျိုးအစားဖုန်းများတွင် Android 2.0 မှ 4.0 ဖုန်းများတွင် မြန်မာစာထည့်သွင်းရာတွင် ဖတ်ရှုရ ၊ စာရိုက်ရအဆင်ပြေခဲ့သော်လည်း Android 4.1 နှင့်အထက်ဖုန်းများတွင် မြန်မာစာဖတ်ရှုရ စာရိုက်ရ အဆင်မပြေခြင်း ၊ စာလုံးများရှေ့နောက်လွဲခြင်း စသည့် error အနည်းငယ်ရှိခဲ့ပါသည်။



ယခုအခါ Android 4.1 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် ဆော့ဝဲကို မြန်မာ Developer တစ်ဦးကရေးသားထုတ်ဝေလိုက်ပြီဖြစ်သည်။ ယင်း ဆော့ဝဲအားရေးသားခဲ့သူ ကိုကျော်စွာသွင် နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
Smart Zawgyi ဆိုတာ ဘာလဲလို့ မေးမြန်းခဲ့တဲ့အခါ။

“Smart Zawgyi ကအားလုံးပိုင်တဲ့ Font တစ်ခုပါ။ Zawgyi.net နဲ့ Alpha Mandalay ကဖန်တီးခဲ့တဲ့ Zawgyi ကိုပြန်လည်မွန်းမံထားတာပါ ။
4.2.2 တွေမှာ Unicode Rendering ရလာတော့လဲ Zawgyi font ကမရတော့ဘူးလေ
ကျွန်တော်တို့အများဆုံးသုံးတာက Zawgyi ဆိုတော့ Zawgyi ကိုသုံးချင်တဲ့သူတွေက Zawgyi ကိုသုံး
Unicode ကိုသုံးချင်တဲ့သူတွေက ပုံမှန်အတိုင်းသုံးဖို့အတွက်ပါ “
 
လို့ဆိုပါတယ်။
ရိုးရိုး ဇော်ဂျီဖောင့်နဲ့ Smart Zawyi နဲ့ဘယ်လိုကွာခြားချက်ရှိလဲလို့ မေးမြန်းတဲ့အခါ

“အခု Release လုပ်လိုက်တဲ့ ကောင်ကတော့ အရင် Zawgyi အတိုင်းအလုပ်လုပ်တဲ့ ကောင်ပါ Rendering မှန်နေတဲ့ ဖုန်းတွေမှာမြန်မာစာအမှန်မြင်ရအောင်ပါ”
 
လို့ ကိုကျော်စွာသွင်က ပြောပါတယ်။
မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi Tool ကိုဘယ် Android version တွေအတွက်အသုံးပြုနိုင်မလဲဆိုတာနဲ့ ဖုန်းအမျိုးအစားဘယ်နှမျိုးလောက်ကို မြန်မာစာမှန်ကန်စေပါမလဲ ဆိုတဲ့ မေးမြန်းချက်အပေါ် ကိုကျော်စွာသွင်က

“Android 4.2.2 သုံးထားတဲ့ နောက်ပိုင်း Android ဖုန်း အားလုံးနီးပါး မြန်မာစာရေးရဖတ်ရမှန်ပါလိမ့်မယ်”
 
လို့ ကိုကျော်စွာသွင်က ဆိုပါတယ်။
အခုထွက်ရှိလာတဲ့ Smart Zawgyi Tool ကို Myanmar Mobile App Store မှာ download ရယူနိင်ရန် တင်ပေးထားပါတယ်။ နောက်ထပ် Smart Zawgyi Tool ကို မိုဘိုင်းဗားရှင်းဆော့ဝဲအနေနဲ့ထွက်ရှိုရန် အစီစဉ်ရှိမရှိကို မေးမြန်းတဲ့အခါ

“APK နဲ့ရော Windows Installer ကောပါ Windows အတွက်တော့ CGI အစား GUI နဲ့ထုတ်ပါ့မယ်… CWM တင်ထားတဲ့သူတွေအတွက် Zip ကိုလဲထုတ်ပါ့မယ်။ Open Source အနေနဲ့ထုတ်မှာပါ ။”
 
လို့ ကိုကျော်စွာသွင်က ဖြေပါတယ်
Android 4.2 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးတဲ့ Tool ကိုရေးသားခဲ့တဲ့ ကိုကျော်စွာသွင်ကို Myanmar Mobile App Store မှ မိုဘိုင်းအသုံးပြုသူများကိုယ်စားကျေးဇူးအထူးပင်တင်ရှိပါတယ်။ Android 4.2 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi Tool ကိုအောက်က link မှာရယူနိုင်ပါတယ်။


Smart Zawgyi Tool Download
Smart Zawgyi ဆော့ဝဲအသုံးပြုနည်းကိုတော့ ကိုကျော်စွာသွင် က

“ဖုန်းကို ကွန်ပျူတာမှာ တပ်၊ ဖုန်းရဲ့ USB Debugging ကို Enable လုပ်၊ အခုပေးထားတဲ့ Rar လေးကိုဖြည်ပြီး အထဲက install.bat လေးကို Run လိုက်ရုံပါပဲ”
လို့ကျော်စွာသွင်က ရှင်းပြပါတယ်။
Credit: Myanmar Mobile App
ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

ပျော်ရွှင်ပါစေ...

 

Copyright @ 2013 Nyi Thawe.