Monday, October 8, 2012

သူကြားပါစေ

ဘဝ..အတွက်တဲ့
နှလုံးသားတံခါးကို ခေါက်
ကိုယ်ပျောက်အတတ်ပညာနဲ့ 
ညင်သာစွာ တထောက်နား
ခုတော့…အဝေးပျံထွက်သွားသူ
လေလွှင့်ငှက်ခါးမလေးရေ......။
ချစ်ရေးမကျွမ်းတဲ့ ကိုယ့်အသဲကြမ်းကို
လမ်းခွဲရှောင်ပြေး ဟိုး…ဝေးဝေး
နုတ်မဆက် ရုတ်တရက်မင်းထွက်ပြေးလေတော့
မီးအလောင်ခံ ကွင်းအလယ်ကသစ်ပင်လို
ကိုယ့်အဖြစ်အမှန် အထီးကျန်ဆန်ပေါ့..။
ငှက်ခါးမလေးရေ...
နှစ်ထောင့်ဆယ့်သုံးရဲ့  ဂင်းနက်စ်
ကမ္ဘာ့အချစ်တတ်ဆုံး စရင်းဝင်
ငါ..မဖြစ်ရရင်နေပါစေ
မင်းကို ပေးဆပ်ခြင်းအချစ်နဲ့ 
“အဝေးကချစ်သူ” တော့ ဖြစ်ပါရစေ…
ဝဋ်ဆိုတာရှောင်မရသလို
ပါရမီဆိုတာဖြည့်ရစမြဲမို့ 
နောင်ဘဝအတွက် အချစ်ပါရမီဖြည့်ခြင်းလို့ 
ရင်စို့ စို့ နဲ့  ကြေနပ်လို့ နေပါ့မယ်…..။
မင်းလေးတယောက်
ရောက်ရာအရပ်မှာ ကံကောင်ပါစေ..။
ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

ပျော်ရွှင်ပါစေ...

 

Copyright @ 2013 Nyi Thawe.