Gmail Account (၃)ခုလောက်ကိုBrowser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်
Gmail (၃)ခုလောက်ကို တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ
သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ
အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း
စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla ,
IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့ 
ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့
့ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။
ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google
Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )
Mail -->>Settings-->>Account and Imports-->>Google
account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့ Personal
Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့
feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။ (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး
အရင်က မမြင်မိတာတော့ သေချာတယ်)
[IMG]http://img1.imagehousing.com/54/48dc535685a4eb7b9a66d0b203cf5cf2.jpg[/img]
အဲ့မှာ edit ကို နှိပ်ပေါ့ .. နှိပ်လိုက်တာနဲ့  လောလောဆယ်တော့ off
ဆိုတာကို ရွေးထားလိမ့်မယ် ။ အဲ့မှာ အပေါ် က On ဆိုတာလေးကို ရွေး ၊ Check Box
4 ခုလုံးကို အမှန်ခြစ်ထည့်
[IMG]http://img1.imagehousing.com/29/3ff30650aca75a804b0ff80020cf81fc.jpg[/img]
ပုံမှာ ပြထားတဲ့ အတိုင်းပေါ့ ။ ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ ။
အဲ့ဒါဆိုရင်တော့ လုပ်ဆောင်ချက်တွေ အားလုံး ပြီးသွားပါပြီ ။ mail ကို
ပြန်သွားပြီး Refresh(F5) တစ်ချက် နှိပ်ပေးလိုက်ပါ ။ အဲ့ဒါဆိုရင်တော့
အပေါ်ထောင့်က မိမိ account name ရဲ့ ဘေးနားမှာ ဒီလိုလေး ပေါ်လာပါပြီ ။
[IMG]http://img1.imagehousing.com/58/cee685b62404a7e7db9e43e6fe101bed.png[/img]
အဲ့မှာ sign in to another account ကို နှိပ်လိုက်တာနဲ့  (mozilla ပဲ သုံးတယ် ဆိုကြပါစို့ )browser ရဲ့  tab နောက်တစ်ခုမှာ
[IMG]http://img1.imagehousing.com/53/4bc3daf781726d768b813647af512a9a.jpg[/img]
ဒီလိုလေး sign in page လေး ကျလာပါလိမ့်မယ် ။ အဲ့ဒါဆိုရင်တော့ Browser
တစ်ခုထဲမှာပဲ မိမိရဲ့  gmail account (၃)ခုလောက်ကို တစ်ပြိုင်တည်း ဖွင့်လို
့ရနိုင်ပါပြီ ။ တကယ်လို့ နောက်ထပ် ဖွင့်လိုက်တဲ့ အကောင့်က မပေါ်ပဲ
အရင်အကောင့်ပဲ ပေါ်နေတယ်ဆိုရင် ခုနက အကောင့်ဘေးနားရဲ့ မြှားလေးမှာ မိမိ
ဖွင့်ထားရင် ဖွင့်ထားတဲ့ အကောင့် နာမည်တွေ ပေါ်နေပါလိမ့်မယ် ။
အဲ့ဒါလေးတွေကို ရွေးပေးလိုက်ရုံနဲ့  browser တစ်ခုထဲမှာ အဆင်ပြေပြေနဲ့ 
mail တွေ အကုန်လုံး စစ်လို့ ရနိုင်ပြီး အကောင့်တွေ ကိုလည်း တစ်ပြိုင်တည်း
invisible (ဂျီပုန်း) လုပ်နိုင်ပြီ ဖြစ်ပါတယ် ။
(ဒါပေမဲ့ အဲ့နေရာမှာ
တစ်ခုတော့ အဆင်မပြေတာ ရှိပါတယ် .. multiple ၀င်ထားတဲ့ mail အကောင့် တစ်ခုခု
sign out လုပ်လိုက်တာနဲ့ mail အကုန်လုံး လိုက်ပြီး sign out
ဖြစ်ကုန်ပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့ဒါလောက်နဲ့ တော့ အဆင်မပြေဘူးလို
့မမြင်မိပါဘူး) ။ မိမိ အသုံးအများဆုံး ဖြစ်တဲ့ mail တစ်ခုတည်းရဲ့  multiple
sessions တစ်ခုတည်းကို on ပေးထားရုံနဲ့ mail အကုန်လုံး သုံးလို့ ရနိုင်မှာ
ဖြစ်ပြီး ၊ အဲ့ on ထားတဲ့ mail account က default , primary mail
အဖြစ်ရှိနေမှာ ဖြစ်ပါတယ် ။ (ဆိုလိုတာက mail အကောင့် ရှိသလောက်
လိုက်လုပ်နေစရာမလိုပဲ တစ်ခု လုပ်ထားရုံနဲ့ ရတယ်လို့ ပြောတာပါ။ လုပ်ထားတဲ့
အကောင့်ကို အရင်ဖွင့်ဖို့ တော့ လိုတာပေါ့နော် ) ။ တစ်ခု တည်း on
ပေးထားရုံနဲ့  ဘယ်နေရာ ဘယ်ဌာန ရောက်ရောက် ကို တစ်သက်လုံး သုံးလို
့ရနိုင်ပါပြီ ။
ကဲ အခုပဲ try ကြည့်လိုက်ပါတော့။
Monday, April 2, 2012
6:27 AM
MR: EDITOR

ညီသွေး
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ပျော်ရွှင်ပါစေ...