ကျွန်တော်တို့ တွေ အွန်လိုင်းတက်လို့  အင်တာနက်ဆိုင်သွားတဲ့ အခါမျိုးတို့ 
အင်တာနက် ကွန်နက်ရှင်နက်ဝေါ့ ရတဲ့ တစ်နေရာရာကနေ စက်သုံးဖြစ်ကြတဲ့အခါ
မကြာခဏ အခက်တွေ့ တတ်ကြရတာက ... software လိုအပ်တဲ့  ပြသ၁နာပါ ။။။
အခုကျွန်တော်ပြောပြချင်တာကလည်း ... ကျွန်တော်တို့ လိုအပ်တဲ့  software ကိုရုတ်တရက်
install လုပ်ဖို့ ရာ ... အခွေပါချင်မှ ပါမယ်ဗျာ ... ပါခဲ့ရင်လည်း ... install တဲ့ နေရာမှာ error
တက်ချင်တက်နေမယ်ဗျာ ... အဲ့လို အခက်အခဲလေးတွေကို ... သူငယ်ချင်းတို့ တော့ မသိဘူး ။
မိုးစွတ်တော့ ခဏခဏ ကြုံရတယ် ... ။
ဆိုကြပါစို့  cyber cafe တစ်ခုခုကနေ အွန်လိုင်းတက်တဲ့ အခါ ...
ကျွန်တော်က မေးလ်တစ်ခုပို့ ချင်လို့  photo-attach လုပ်တဲ့ နေရာမှာ ပုံဆိုဒ်ကကြီးနေတော့
လွယ်လွယ်နဲ့ မထွက်ဘူးဗျာ ... အဲ့တော့ ကျွန်တော် ပုံဆိုဒ်ကိုချုံရတော့မယ် ... ။
ကျွန်တော် အွန်လိုင်းတက်မိတဲ့  အင်တာနက်ဆိုင်က စက်မှာလည်း photoshop ကိုမတင်ထားတော့
အဲ့မှာ အခက်တွေ့ ပြီပဲ ... ။ ခဏလေးလာသုံးတဲ့ အချိန်မှာ ခဏတာ customer အတွက်
သူတို့ ဘက်ကကြည့်လျှင်လည်း ငြိုငြင်ကောင်း ငြိုငြင်ချင်ပါလိမ့်မယ် ... ။
ထားပါလေ .... ဆိုင်ကနေ ... software run ပေးဖို့ ရာ ..သူတို့ ဘက်ကလည်း administrator ပိတ်ထားလို့ 
အလုပ်ရှုပ်ကောင်းရှုပ်လို့  တင်ပေးချင်မှ တင်ပေးပါလိမ့်မယ် ... ။ ကဲရှိပါစေ ...
သူတို့ မတင်ပေး ၊ မ run ပေးလည်း .. ဘာဖြစ်လည်း ... ကိုယ့်နည်းကိုယ့်ဟန်နဲ့  Mozilla Firefox ကနေ
အကူအကယ် photoshop ဆိုဒ်ကို သွားမယ်ဗျာ ....
သူ့ ထဲမှာ photoshop tools တွေအစုံအလင်ပါလို့  ... အကောင်းဆုံးကြီးမဟုတ်ရင်တောင်
မရှိသုံးလေးလေ ...အကူအကယ်ပေါ့ဗျာ ...
0 comments:
Post a Comment
ပျော်ရွှင်ပါစေ...