ကျွန်တော်တို့တွေ ကွန်ပျူတာ သုံးနေတယ်ဗျာ ။ တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကို
ပြန်မေးကြည့်သင့်တယ် ။ ငါထိုင်နေတာ ဘယ်လောက်ကြာပြီလဲ ။ ထပြီးတော့
လမ်းလျောက်သင့်ပြီလားလို့ပေါ့ ။ နာရီကို Alarm ပေးထား မလိုပါဘူး ။
ကိုယ့်ဖာသာကိုယ် ကွန်ပျူတာ မှာပဲ ကြည့်ကြရအောင်ဗျာ ။ လွယ်လွယ်လေးပါ ။
သိပြီးသားဆိုရင်လည်း.... ခွန်မောင်ပန်က ခုမှ သိတယ် တော်တော်
သနားစရာကောင်းတာပဲလို့ တွေးလိုက်ပေါ့ဗျာ ။ သိပြီးသား.... ဆိုတဲ့ စကားထက်
ပိုကောင်းမယ့် စာသားထင်လို့ပါ ။
မသိသေးတဲ့ သူတွေ အတွက် ကျွန်တော်ပြောပြလိုက်မယ်နော်....
ပထမတစ်နည်းက Task manager ကို ခေါ်ပြီးတော့ ကြည့်တာပါ ။ ပထမဆုံး Ctrl +
Shift + Esc Or Ctrl + Shift + Del ကို ခေါ်လိုက်ပါ ။ ပြီးရင်တော့
Performance က Up time ကို ကြည့်လိုက်ပါဗျာ ။ မိမိသုံးနေတဲ့ အချိန်က
အချိန်နဲ့အမျှ မှတ်သားနေတာပါ ။ ဒါက Window 7 အတွက်ပါ ။
Window XP သမားတွေအတွက်တော့ Run box ကနေ ကြည့်တာပါ ။ကျွန်တော့် XP မဟုတ်တဲ့ အတွက် ရေးတဲ့အတိုင်းရေး ဆက်ရေးတာပါဗျာ ။
Run box မှာ systeminfo လို့ ရိုက်ပြီးတော့ Enter လိုက် ခဏစောင့်ပေးလိုက်ဗျာ ...
ခဏလေးစောင့်ပေးပြီးရင်တော့ အချက်အလက်တွေ တက်လာပါလိမ့်မယ်ဗျာ... အဲဒီမှာ
System up time ကို ကြည့်ကြည့်လိုက်ပါဗျာ ။ ဒါက နေ့တောင် အဆစ်ပါသေးတယ်ဗျာ ။
အပုံကို ကြည့်တာ သေးနေတယ်ဆိုရင် ပုံကို new tag နဲ့ ဖွင့်လိုက်ပါဗျာ ။
အားလုံး အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်http://www.decembermgmg.co.cc/
Tuesday, February 14, 2012
4:17 AM
MR: EDITOR

ညီသွေး
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ပျော်ရွှင်ပါစေ...