Thursday, November 17, 2011

Print conversation Print Open conversation in new window New window ၂၀၁၂ခုနှစ်မှ၂၀၁၄ခုနှစ်အတွင်းဖြစ်ပေါ်မည့်ကမ္ဘာကြီး၏အခြေနေ

၂၀၁၂ခုနှစ်မှ၂၀၁၄ခုနှစ်အတွင်ြး
ဖစ်ပေါ်မည့်ကမ္ဘာကြီး၏အခြေနေကြောင့်ရတနာမြတ်သုံးပါးအား  ဆည်းကပ်၍
တရားဘာဝနာများအားထုတ်သင့်ပြီ…..
မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်မှ
၂၀၁၂ခုနှစ်မှ၂၀၁၄ခုနှစ်အတွင်းဖြစ်ပေါ်လာ  နိုင်မည့်
ကမ္ဘာကြီး၏အခြေနေကိုအောက်ပါအတိုင်းသုံးသပ်တင်ပြထားကြောင်းသိရှိရပါတယ်…။
၂၀၁၂ခုနှစ်မှာကမ္ဘာအပါအ၀င် နေစင်္ကြာကြီးဟာ နဂါးငွေ့တန်းလို့ခေါ်တဲ့
ဂလက်ဆီကိုဖြတ်သန်း  ပါမယ်၊ ဂြ်ုလ်တွေ ဥက္ကာပျံတွေ ဓာတ်ငွေ့တွေရှိတဲ့
ဂလက်ဆီကိုဖြတ်သန်းချိန်မှာ တခြားဂြိုလ်တွေ
နဲ့နီးကပ်သွားလို့ကမ္ဘာဆွဲငင်အားတွေပြောင်းလဲသွားမယ်။ကမ္ဘာကြီးရဲ့သံလိုက်အားတွေဒြပ်ဆွဲအား
တွေပြောင်းလဲကုန်ရင်ကမ္ဘာသံလိုက်စက်ကွင်းနဲ့ပတ်သက်ပြီး
ကမ္ဘာသံလိုက်ဝင်ရိုးစွန်းတွေပြောင်းလဲ  ရွေ့သွားမယ်။
ကမ္ဘာဆွဲအားတွေအတက်အကျအလျော့အတင်းဖြစ်ခဲ့ရင် မြေထုကြီးတွေမြေချပ်လွှာ
တွေရွေ့ကုန်မယ် ဒီလိုရွေ့ကုန်ရင်မြေငလျင်တွေလှုပ်မယ်။ဆူနာမီရေလိုင်းကြီးတွေဖြစ်ကုန်မယ်
။ ၀င်ရိုးစွန်းတွေရွေ့ကုန်တော့သံလိုက်အားတွေအပြောင်းအလည်းဖြစ်ပေါ်ပြီး
ခရမ်းလွန်ရောင်ခြည်တွေ ကမ္ဘာပေါ်ကိုကျလာပြီိးလူတွေကိုအန္တရယ်ပေးမယ်
သို့ရာတွင်ကမ္ဘာကြီးကတော့မပျက်နိုင်ပါဘူး..။
ဂျူပီတာဂြိုလ်ကြီးလောက်ကြီးတဲ့ဂြိုလ်ကြီးတစ်ခုဟာကမ္ဘာကြီးဆီကိုဦးတည်လာနေတယ်။
 ၂၀၁၂ခုနှစ်နေနှင့်ကမ္ဘာကြားကိုဝင်ရောက်ဖြတ်သန်းမယ်အဲဒီဂြိုလ်ကြီးကို(NIBIRU)လို့အမည်ပေးထား
တယ် ၂၀၁၁ခုနှစ်မှာဖေဖော်ဝါရီလလောက်ကစပြီး
လအရွယ်အစားလောက်ရှိတဲ့(NIBIRU)ကိုလူသား
တွေစတင်မြင်ရမယ်။အဲဒီ(NIBIRU)ရဲ့ကြီးမားလှတဲ့ဆွဲငင်အားကြောင့်ကမ္ဘာပေါ်မှာမြေငလျင်အကြီး
အကျယ်လှုပ်မယ်။ရေကြီးမှု့တွေနေရာအနှံ့မှဖြစ်ပေါ်မယ်၊
အဲဒီအဆိုးဝါးဆုံးအခြေနေကို၂၀၁၃ခု
ဖေဖဖော်ဝါရီ၁၄ရက်မှဖြစ်မယ်အဲဒီနေ့ေ၇ာက်ရင်ကမ္ဘာဟာ(NIBIRU)
နဲ့နေကြားကိုရောက်လာမယ် ။ ဆန့်ကျင်ဘက်ဆွဲငင်အားတွေကြောင့်
ကမ္ဘာပေါ်ကသံလိုက်ဝင်ရိုးစွန်းတွေရွေ့ကုန်မယ်။
(NIBIRU)ဟာကမ္ဘာလည်ပတ်မှုနဲ့ဆန့်ကျင်ဘက်နေရာကိုလည်နေတာဖြစ်တဲ့အတွက်သူ့ရဲ့ဆွဲငင်
 အားကကမ္ဘာကြီးကို
၃ရက်တိတိလည်ပတ်မှုရပ်တန့်သွားစေမယ်။ပြင်းအားကြီးတဲ့ငလျင်တွေလှုပ်မယ်
မြေလွှာတွေအစိပ်စိပ်အမွှာမွှာကွဲထွက်ပြီးကျောက်ရေပူတွေတိုးထွက်မယ်၊မီးတောင်နေရာအနှံ့ပေါက်ကွဲမယ်အဲဒီအဖြစ်အပျက်တွေကြောင့်ကမ္ဘာပေါ်မှာလူဦးရေ
သန်း(၇၀၀၀)ကျော်ရှိသည့်အနက်လူဦးရေ
သန်းအနည်းငယ်သာကျန်ရစ်မှာဖြစ်တယ်၊၂၀၁၄ခုနှစ်ဇူလိုင်လ(၁)ရက်နေ့မှာ(NIBIRU)အရာဝထ္ထုကြီး
ဟာကမ္ဘာပေါ်မှာဘာသက်ရောက်မှုမှမရှိတော့ဘဲ
ကမ္ဘာနဲ့ဝေးရာကိုပြန်လည်ထွက်ခွာသွားမယ်၊    မာယာလူမျိုးတွေရဲ့(The
Tzolkin)ပြက္ခဒိန်(BC-11 August 3114) မှစပြီး(AD-21 December2012)
မှာဆုံးမယ်လို့သိရပါတယ်၊ ဒါဟာတိုက်ဆိုင်မှုတစ်ခုပါပဲ။
ထူးဆန်းသောစာရွက်(၃)ရွက်   သို့မဟုတ်
ထူးခြားသောစာရွက်သုံးချပ်
          ဦးဝင်းမောင်မှမြစိမ်းရောင်ဆရာတော်ဘုရားကြီးသို့ ၂၆.၂.၂၀၁၁
နံက် ၉း၀၀ အချိန်လျှောက်ထားချက်
ဆရားတော်ဘုရားတပည့်တော်အားကမ္ဘာစောင့်နတ်၊သာသနာစောင့်နတ်မင်းများမှ
လာရောက်နိုးဆော်တိုက်တွန်းမှုကြောင့်ဆရာတော်အားလာရောက်လျှောက်ထားခြင်း
ဖြစ်ပါသည်ဘုရား။
၂၀၁၁ ခုနှစ်မတ်လလယ်လောက်မှစ၍ ငလျှင်များစတင်လှုပ်ရှားမှာဖြစ်ကြောင်း၊အဓိက
 အနေနှင့်၊ စစ်ကိုင်း တောင်ငူ ပဲခူး စသည့်မြို့များဖြစ်ကြောင်း
တန်ခိုးကြီးဘုရားစေတီ များမပျက်စီးစေရန် သာသနားစောင့်နတ်မင်းများအား
စောင့်ကြပ်စေခဲ့ကြောင်းမြန်မာ  ပြည်ရှိ ရဟန်ရှင်လူများ
မထိခိုက်မပျက်စီးစေရန် တိုင်းနယ်များရှိမြို့ကြီးများသို့မိမိအား စေလွတ်၍
အစီအမံများကိုဆောင်ရွက်ခိုင်းကြောင်း မိမိလုပ်ဆောင်သည့်နေရာမြို့များ
မှာမြေထက်သို့(၄) မိုင်မြေပေါ်သို့ဗဟိုချက်မများမှ(၃၉၀) မိုင်
အန္တရယ်ကင်းသက်  ရောက်စေပါကြောင်း၊မြန်မာပြည်ကြီးအန္တရယ်မှကင်းဝေးစေရန်ဆရာတော်သံဃာတော်
များမှမြန်မာနိုင်ငံနယ်နိမိတ်တစ်လျှောက်လေယာဉ်ဖြင့်
၊ပဋ္ဌာန်း၊ပရိတ်၊မေတ္တာ၊များရွက်  ရွက်ဖတ်သရဇ္ဈယ်ပါက ၂၀ ပုံ ၁ ပုံခန့်
သာအန္တရယ်ကျရောက်စေမှာဖြစ်သည့်အတွက်  ဆရာတော်ဘုရားအားလျှောက်ထားပါကြောင်း
၂၀၁၁ခု ဧပြီလတွင်မြောင်းမြ၊ ပုသိမ် ၊ ဖျာပုံ၊ စသည့်မြို့များမှာ
မထင်မှတ်ပဲရေကြီးနိုင်ပါကြောင်း ၊
    ၂၀၁၂ခုဒီဇင်ဘာလမှ၂၀၁၃ခုနှစ်မတ်လထိကာလသည်အလွန်အရေးကြီးပါကြောင်
နေနှင့်ကမ္ဘာကြားသို့ ဂြိုလ်ကြီးတစ်လုံးဖြတ်သန်းမှာဖြစ်ပါကြောင်း၊
၎င်းဂြိုလ်သည် အပူ  ရှိန်ပြင်းထန်လွန်းသောကြောင့်
ကမ္ဘာကြီးသည်ငလျှင်လှုပ်၊မီတောင်များပေါက်ကွဲပြီး
ပြင်းထန်သောဘေးအန္တရယ်များကြောင့် ကမ္ဘာပေါ်ရှိ လူသန်းပေါင်း (၆၀၀၀) အနက်
သန်း(၃၀၀၀)ကျော်မှာခန့်သေကြေပျက်စီမှာဖြစ်ကြောင်း၊ ဤကာလတွင်းလူများသီလ၊
သမာဓိ ၊များတည်ဆောက်ပြီး
သက်သက်လွတ်စားလျှင်ပိုမိုသင့်လျှော်မည်ဖြစ်ပါကြောင်း
မြန်မာ၊သီရိလင်္ကာ၊နိပေါ၊ယိုးဒယားစသည်(၄)နိုင်ငံသာသက်သာရာရမည်ဖြစ်ပါကြောင်း
 တပည့်တော်ပုသိမ်၌ လုပ်ငန်းလုပ်ဆောင်နေစဉ် ဦးအောင်မြင့်ဆိုသူ
လူတစ်ဦးရောက်ရှိ လာပြီး၊ ဘိုတော်အောင်မင်းခေါင် မှ
၎င်းအားမြစိမ်းရောင်ဘုရားသို့လျှောက်ထားရန်ခိုင်း ပါကြောင်း
မြစိမ်းရောင်တောင်ရှိ အဆောက်အဦးများခိုင်ခံ့စွာတည်ဆောက်ထားရန်ဆန်၊
ဆီ၊ဆေး၊ဆား၊ စသည်များစုဆောင်းထားရန် လျှောက်ထားခိုင်းစေကြောင်းယခုသူမလာ
ခင်တပည့်တော်မှကြိုတင်လျှောက်ထားခြင်းဖြစ်ပါကြောင်း၊
၂၀၁၃ခု ဖေဖော်ဝါရီ ၁၄၊၁၅၊၁၆၊ရက်နေ့များမှာ ကမ္ဘာကြီးသည်
လည်ပတ်မှုရပ်ဆိုင်းပြီး   အမှောင်ကျမည်ဖြစ်ပါကြောင်း
စသည်ဖြင့်လျှောက်ထားပါသည်။
       ဆရာတော်ဘုရားကြီးမှ ဒကာကြီးလျှောက်ထားချက်များ ဖြစ်နိုင်ပါကြောင်းပြန်
လည်မိန့်ကြားပါသည် ဒကားကြီးလည်းတောင်ပေါ်သို့လှည့်လည်ပြီး အဆောက်အဦး
များဆောက်ထားသည်ကိုလေ့လာကြည့်ရူ့နိုင်ရန် ဆန်၊ဆီ၊ဆေး၊ဆား စသည်များ
အဆင်သင့်ဆောင်ရွက်ထားပါကြောင်းပြန်လည်မိန့်ကြားပါသည်။
       ဆရာတော်ကြီးမှ ဆက်လက်၍ ယခုမြန်မာသက္ကရာဇ် ဘယ်လောက်ရှိပြီလည်းသိ
လားဟုမိန့်ကြားသည့်အခါ ၁၃၇၂ ရှိပါပြီဘုရားလို့ဖြေတဲ့အခါ
ဒကာတို့တဘောင်တစ်ခုရွက်ပြမယ် ၈၁နဲ့ မတင်တိမ်
၉၀ခုကိုရောက်ချိန်မင်းတို့သိကြ  သလားမေးပြီးနောင်(၁၀)နှစ်နဲ့
နှစ်(၂၀)ကြာရင်ကမ္ဘာပေါ်မှာအားလုံး ဗုဒ္ဓဘာသာဝင် တွေဖြစ်ကုန်ပြီ
မန္တလေးမြို့
အောင်ပင်လယ်ကန်အနီးမှာ ဗုဒ္ဓရာဇာ ၊ဗုဒ္ဓစင်္ကြာမင်း ပေါ်လာပြီးကမ
္ဘာပေါ်မှာမင်းတစ်ပါးတည်းသာ အုပ်ချုပ်စိုးစံမှာဖြစ်တယ်လို့မိန့်ကြားပါ
သည်။
မှတ်ချက်/ ယခုလာရောက်လျှောက်ထားသူဦးဝင်းမောင်မှာ
၂၀၀၈ခုနှစ်နာဂစ်မုန်တိုင်း မတိုက်ခတ်မှီ ၁၀ ရက်ခန့်အလိုတွင်  ဆရာတော်အား
ရန်ကုန် ဧရာဝတီ စသည့်နေရာ  များတွင်ကြီးမားသောမုန်တိုင်းကြီးတိုက်ခတ်ပြီး
လူသိန်းချီသေဆုံးမည့်အကြောင်း   လျှောက်ထားခဲ့ဖူးပါသည်။
၁-၃-၂၀၁၁ခု အင်္ဂါနေ့နံက်၈း၀၀နာရီ အချိန်တွင်ဦးဝင်းမောင်
မှမိုးဇလပညာရှင်ဒေါက်တာထွန်းလွင် သုံးသပ်ချက်အားဆက်ကပ်ရာဆရာတော်မှ
၂၀၁၂ခုနှစ်သည် အင်မတန်အရေးကြီးကြောင်း၊
ပျက်ဆီးမှာဖြစ်ကြောင်းမိန့်ကြားသဖြင့်  လူအများကပ်ဘေးမှလွတ်မြောက်ရန်
မည်သို့ဆောင်ရွက်ရမည်ကိုလျှောက်ထားရာ
 အန္တရယ်ဖြစ်ပွားနိုင်သည့်ရက်များတွင်ဖရောင်တိုင်အသေးနှစ်တိုင်အားပူးထွန်း၍ဘုရား
 ၌ပူဇော်ပါ သားတော်သမီးတော်များအား ကယ်တင်စောင့်ရှောက်ပါရန်နှင့် သမ္ဗုဒ္ဓေ
 ဂါထားတော်အား အချိန်ရလျှင်ရသလိုရွက်ဖတ်ပူဇော်ရန်မိန့်ကြားပါသည်။


အထက်ပါအချက်များကိုဆန်းစစ်ကြည့်ပါကယင်းအချက်များမှာတဖြည်းဖြည်းမှန်ကန်လာနေသည်ကို
  တွေ့ရပါတယ်၊ ၂၀၁၁ခုနှစ်ဇန်န၀ါရီလ
၁၂ရက်နေ့ကဂျာနယ်တစ်ဆောင်မှဂြိုလ်ပြာတစ်ခုလနှင့်ယှဉ်
၍မိုးကုတ်မြို့၌မြင်တွေ့ခဲ့ရသည်ဟုဖော်ပြခဲ့ခြင်း ၊၂၀၁၁ခုနှစ် ဇန်န၀ါရီလ
၂၄ရက်နေ့ကကြေးမုံသတင်း  စာတွင်၂၀၁၂ခုနှစ်တွင်ကောင်ကင်၌ ဒုတိယနေတစ်စင်း
တွေ့မြင်နိုင်ဖွယ်ရှိသည်ဟု အငြင်းပွားဖွယ်  သတင်းဖော်ပြခဲ့ခြင်း။
     ၂၀၁၁ခုနှစ်နှစ်ဆန်းပိုင်းမှ၂၀၁၁ခုနှစ်မတ်လအတွင်းတရုတ်ပြည်နှင့်နယူဇီလနတို့တွင်ငလျင်များ၊
အကြီးအကျယ်လှုပ်ခတ်ခြင်း၊အင်ဒိုနီးရှားနိုင်ငံတွင်
မီးတောင်များပေါက်ကွဲခြင်း အထူးသဖြင့်မကြာ  သေးမှီ၂၀၁၁ခုနှစ်
မတ်လတွင်ဂျပန်နိုင်ငံတွင် ရစ်ချက်စတာစကေး ပြင်းအားရှိသောငလျင်ကြီးများ
လှုပ်ခတ်၍ ဆူနာမီလှိုင်းကြီးများဖြစ်ပေါ်ပြီး၊ တိုက်တာအဆောက်အဦးများ
ပြိုကျ၍ လူများစွာ  သေကြေခြင်းနျူကရီးယား
ဓါတ်ပေါင်းဖိုများပေါက်ကွဲပျက်စီး၍ လူအများအန္တရယ်နှင့်၇င်ဆိုင်ကြရခြင်း
 စသည်တို့ကိုတွေ့ရသည်ဖြစ်ပါသည် အထူးသဖြင့်မြန်မာနိုင်ငံတွင်လည်
၂၀၁၁ခုနှစ် မတ်လ၂၄ရက်
နေ့တွင်ရှမ်းပြည်နယ်အရှေ့ပိုင်းရွှေတြိဂံနယ်မြေ၊လွယ်မွေ၊တာလိန်၊
တာချီလိတ် ဒေသများတွင်ပြင်း  အားရစ်ချက်စတာစကေး ၇
ခန့်ရှိ၍ငလျင်ကြီးလှုပ်ခတ်သွား၍ မြေကြီးများဟက်တက်ကွဲခြင်းတိုက်တာ
အဆောက်အဦးများပြိုကျပျက်စီးခြင်း၊တို့ကြောင့်လူများစွာသေကြေပျက်စီးခဲ့ကြပါသည်။အဆိုပါအခြေ
နေများကိုကြည့်ခြင်းအားဖြင့်အထက်၌ခန့်မှန်းထားသည့်အတိုင်း၂၀၁၂ ခုနှစ်
၂၀၁၄ခုနှစ်အတွင်း   ကမ္ဘာကြီးတွင်ဘေးအန္တရယ်မျိုးစုံနှင့် ကြုံတွေ့ပြီးကမ
္ဘာပေါ်ရှိလူများစွာသေကြေပျက်စီးသွားနိုင်  သည်။  သို့ဖြစ်ပါ၍
ယခုမိမိတို့ရဲ့ရခဲလှသောလူ့ဘ၀ကိုရရှိနေစဉ်ကာလအတွင်းအန္တရယ်ဆိုး၊ဘေးဆိုး
များနှင့်မကြုံကြိုက် အဆိုပါဘေးဆိုးများမှလွတ်ကင်း၍
သံသရာအတွင်းမှလွတ်မြောက်ရာမြတ်နိဗ္ဗာန်
ကိုမျက်မှောက်ပြုနိုင်ရေးအတွက်ရတနာသုံးပါး အနန္တော အနန္တငါးပါးအား
ဆည်းကပ်ကိုးကွယ်ခြင်း သတိတရားလက်ကိုင်ထားကာ၊
မြတ်စွာဘုရားဟောပြညွန်ပြသည့်သမထ၊၀ိပဿနာ၊ဘာဝနာတရား
များကိုယခုပင်ကြိုးစားအားထုတ်သင့်ပြီ
ဖြစ်ပါကြောင်းတိုက်တွန်းနိုးဆော်အပ်ပါသည်။

ညီသွေး

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

ပျော်ရွှင်ပါစေ...

 

Copyright @ 2013 Nyi Thawe.