Sunday, November 20, 2011

✰✰ITလူငယ်များအတွက်ဘ၀တက္ကသိုလ်✰✰

လူငယ်တစ်ယောက်၏ဘ၀တွင်သစ်လွင်တောက်ပသော အနာဂါတ်တစ်ခု   ရှိကို ရှိရမည်။
လူငယ်များတွက်ဒဿနလေးများ...
မှတ်သားမှုမပါသော စာဖတ်ခြင်းသည်
မျက်စိမှုန်ခြင်းမှတစ်ပါး ကျန်သောအကျိုးမည်သည်မရှိ




(ဘ၀ သင်ခန်းစာ=၂)
စာဖတ်ပါ ဝေဖန်သုံးသပ်ပါ ရေးမှတ်ပါ
၁။စာဖတ်ခြင်းသည် ပြည့်ဝစေသည်။
၂။ပြောဆိုဆွေးနွေးခြင်းသည် အဆင်သင့်ဖြစ်စေသည်။
၃။ရေးမှတ်ခြင်းသည် တိကျပီပြင်စေသည်။




(ဘ၀ သင်ခန်းစာ=၃)
ရုပ်ရည်ချောတာ ဥာဏ်ကောင်းတာတွေထက် ကျွန်တော်လို့လူသားတွေတန်ဖိုးအထားသင့်ဆုံး အရည်အချင်းတွေကတော့

၁။ရိုးသားခြင်း
၂။သတ္တိရှိခြင်း
၃။ဇွဲရှိခြင်း
၎။စိတ်ထားမွန်မြတ်ခြင်း နဲ့
၅။မိမိကိုယ်မိမိ နှိမ်ချခြင်းတို့ပဲဖြစ်ပါတယ်

(ဘ၀ သင်ခန်းစာ=၅)မိတ်ဆွေကောင်း
ဒုက္ခကို...
အတူတကွ...မရင်ဆိုင်ရသေးရင်...
မိတ်ဆွေကောင်းလို့...အလျင်စလိုမဆုံးဖြတ်နဲ့...။

ပျော်ရွှင်တဲ့အချိန်မှာ အတူတကွရှိနေတဲ့လူ
မိတ်ဆွေပဲရှိသေးတယ်...။





(ဘ၀ သင်ခန်းစာ=၆)အရည်အချင်း
တစ်ပါးသူ
ကိုယ့်အရည်အချင်းကို...မမြင်မှာ...
အသိအမှတ်မပြုမှာကို...
သွားမပူနဲ့...။

တကယ်ပူရမှာက...
ကိုယ့်အရည်အချင်း...
တကယ်ရှိရဲ့လား...ဆိုတာကို...။  ။
 (ဘ၀ သင်ခန်းစာ=၇)ခရီးလမ်းမှ ရသများ
ငြိမ်းချမ်းပျော်ရွှင်မှု..ဆိုတာ
ပန်းတိုင်..ရောက်မှ...
ရှိနိုင်တဲ့အရာမဟုတ်ဘူး...။

ပန်းတိုင်..ကိုအသွား...
လမ်းမတွေပေါ်မှာ...
သွားရင်းလာရင်း...လုပ်ရင်း...ကိုင်ရင်းနဲ့
တွေ့ရတတ်တဲ့
အလှတရား..မျိုး...။  ။





(ဘ၀ သင်ခန်းစာ=၈)သင်သည်..သင့်ရဲ့ဘ၀..အရှင်သခင်

အဝေးကြီးသွားချင်ရင်...
လေးတာတွေချန်ခဲ့...။

အမြင့်ကြီး..တက်ချင်ရင်...
လေးတာတွေ...ချန်ခဲ့...။

မင်းဘယ်လောက်...
ဘယ်သွားမလဲ...
မင်းဘ၀နဲ့မင်းပဲ...။
(ဘ၀ သင်ခန်းစာ=၉)
နာကျင်မှု့ကို မေ့ပျောက်ပစ်ပါ။ ကြင်နာမှုကို အစဉ်သတိရပါ။
ကွန်ဖြူးရှပ်စ်(အတွေးအခေါ်ပညာရှင်)

အချိန်ဆိုတဲ့သမားတော်က နာကျင်မှုကို ကုစားပါလိမ့်မယ်။
ယူရီပီဒက်စ်(ဂရိပြဇာတ်စာရေးဆရာ)

လူတစ်ဦး၏ အပေါ်ယံအသွင်အပြင်ကို မကြည့်ပဲ အတွင်းစိတ်ကိုသာ ကြည့်ပါ။

အီစွတ် (ဂရိလူမျိုး ပုံပြင်ရေးဆရာ)
 
 

ညီသွေး

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

ပျော်ရွှင်ပါစေ...

 

Copyright @ 2013 Nyi Thawe.