ကန်တော့ပန်း
ဘ၀ရှေ့ရေး မျှော်ကာတွေးလို့
ကျေးရွာကိုခွါ မြို့သို့လာပြီး
ပညာရှာဖွေထွက်ခဲ့လေသော်……
မွေးမေမေမှာ ၀မ်းနည်းရှာ၍
ငိုကာရှိက်ကာ မှာလိုက်ပါသည်
ပညာကိုလဲ အားမာန်ခဲ၍
မလွဲမသွေ ကြိုးစားလေတဲ့
သားလေးခုခါမြို့ကြီးမှာဝယ်
ပညာစာပေ အထွေထွေကို
မနေမနားလွန်ကြိုးစားလျှက်
သင်ကြားလျှက်ပါမွေးမေမေ
သြော်မြင့်မိုလ်တောင်ဦးမကကျူးသည့်
ကျေးဇူးအရှင် မွေးမိခင်ရယ်
အဝေးပင်နေငြား အမေ့သားမှာ
မေ့မေတ္တာကြောင့် လွန်စွာအေးမြ
ချမ်းမြေ့လှ၍………
ကဗျာတစ်ပုဒ် စာတစ်ပုဒ်ဖြင့်
လက်အုပ်ချီမိုး ဦးနှိပ်ချိုးကာ
ရှိခိုးကန်တော့လိုက်ပါသည်
ကျေးဇူးအရှင်မွေးမိခင်………
အဝေးရောက်နေမွေးမိခင်ထံသိုကန်တော့ပန်း……………………။
ရှုံးနိမ်သူတွက်အားဆေးတစ်ခွက်
ဘ၀ဆိုတာ တိုက်ပွဲတစ်ခု တိုက်ပွဲဆိုတာအနိုင်တိုက်ဖို့
အရှုံးပေးဖို့မှမဟုတ်တာ ပြိုင်ပွဲတစ်ခု
အစပြုလို့မင်းရှုံးခဲ့ရင် အားငယ်စိတ်ဝင်ရှက်စိတ်မြင်ပြီး ထာဝရအမြဲရှုံးမှာဘဲလို့ မင်းမထင်နဲ့ အရှုံးနဲ့အနိုင် အစဉ်ဒွန်တွဲရှိစမြဲမို့ မင်းစိတ်မင်းပိုင်မင်းနိုင်ပါမှ ဘယ်မှာငါ့မှားဘယ်အရာများမှာ အားနည်းချက်ဝင်မင်းစဉ်ခြင် အားနည်းမှုကိုအားသာမှုပြောင်း ဇွဲရှိမှုကိုအရယူပြီး အစဉ်ကြိုးစားခခွန်အားများနှင့် ၀ီရိယ ကံ ညဏ်အရင်းခံ ဆင်းရဲပင်ပန်း မလျနွမ်းပဲ ငါလည်းလူသားမာန်ကိုထားပြီး နောက်ထပ်တစ်ချီငါနိုင်မည်ဟု ယုံကြည်စိတ်ထားခွန်အားများနှင့် ပြန်လည်စိန်ခေါ်နိုင်ရမည်…..။
0 comments:
Post a Comment
ပျော်ရွှင်ပါစေ...