Wednesday, October 5, 2011

VIRUS အကြောင်း...

    Memory stick တပ်တပ်ချင်း ဘာကြောင့်ဗိုင်းရပ်စ် က ကိုယ့်ကွန်ပျုတာထဲ
ဝင်သွားလဲဆိုရင်
Autorun.inf ဆိုတဲ့ ဖိုင်လေးကြောင့်ပါ
ဒါကြောင့် ကျနော်တို့စက်တွေမှာ Autorun.inf လေး အလုပ်မလုပ်အောင်
autorun ကို ပိတ်ထားလို့ရပါတယ်
ဘယ်လိုပိတ်မလိုဆိုဒီအတိုင်းလေးေ
ပါ့
Window+R ကိုနှိပ်ပြီး run box ခေါ်ပါ
gpedit.msc ရိုက်ထည့်ပြီး group policy editor ခေါ်ပါ
User Configuration> Administrative Template>System ကိုသွားပါ
ညာဘက် အခြမ်းထဲမှာ Turn off autoplay ဆိုတာလေးကို ဖွင့်ပြီး Enable ပေးပါ
ဒါဆို Memory stick တပ်တပ်ချင်း virus တော့ အလုပ်မလုပ်တော့ပါဘူး
ဒီလိုလုပ်လို့ စိတ်ချရပြီလားဆိုရင် တော့ စိတ်မချရသေးလို့ဘူးလို့ပြောရမှာပါ
memory stick ကိုဖွင့်မယ်ဆိုရင် အောက်ပါအတိုင်းလေးဖွင့်ပါ
Window+E ကိုနှိပ်လိုက်ရင် My Computer Explorer ပေါ်လာပါပြီ
ပြီးရင် ဘယ်ဘက် Pane မှာ ရှိတဲ့ Memory Stick ပေါ်ကို ကလစ်ပြီး ဖွင့်ပါ
လိုအပ်တဲ့ ဖိုင်ကိုရွေးဖွင့်ပါ
ညာဘက် Pane ထဲက Memory Stick Device ပေါ်ကို Double Click လုပ်ဖွင့်တာ၊
Right click ထောက်ပြီး open ပေးတာ၊ explore ပေးတာကို
လုံးဝရှောင်သင့်ပါတယ်
ပြီးရင် Memory Stick ထဲက Folder Name.exe ဖိုင်တွေကိုလုံးဝ မဖွင့်ပါနဲ့
ကိုယ်သံသယရှိတဲ့ ဖိုင်မှန်သမျှကို လက်ရှောင်သင့်ပါတယ်
ဒီလောက်ဆိုရင် Memory stick ထဲက ဗိုင်းရပ်စ် မ၀င်နိုင်တော့ဘူးလို့ ကျနော်ထင်ပါတယ်။
window 7 မှာဆိုရင်တော့
gpedit.msc ကိုသွားပြီး
Administrative Templates >Windows Components > Autoplay Policies in order
ဆိုပြီး အဆင့်ဆင့် သွားလိုက်ပါ
အဲဒီရောက်ရင် ညာဘက်မှာ "Turn off Autoplay"ကိုတွေ့ပါပြီ
ဖွင်ပြီး enable ကိုပေး all drive ကိုရွေးပေး
apply>Ok အဲ့ဆို ရပါပြီ။ အဆင်ပြေပါစေ။ ။@area81


အရင်ဆုံးစ တင်ပေးလိုက်တာကတော့ unlocker လေးပါခင်ဗျာ IT လေ့လာသူအများစု
သိကြတဲ့ဆော့ဝဲဒ်ပေါ့

http://www.mediafire.com/?sut3b48zyhel5za  အဲ့ဒီမှာဒေါင်းလို့ရပါတယ်

ဒီ software ရဲ့ အသုံးဝင်ပုံကတော့ နာမည်ကိုက unlocker တဲ့
မြန်မာအနေနဲ့ပြောရင် ဒီကောင်က ကုလားထုတ်ထားတာလားမသိဘူးဗျ သော့ဖျက်သလိုပဲ
ဟီး အလွယ်ပြောရင်တော့ လုပ်မရ တာတွေကို လုပ်လို့ရအောင်လုပ်ပေးတာပါ
ပိုရှုပ်သွားပြီထင်တယ် ဒီလိုဗျာ ဖျက်လို့မရတဲ့ဖိုင်တွေကို ဖျက်တာတို့
rename လုပ်မရရင် ဒါလေးသုံးပြီးလုပ်လို့ရတယ် move ,copy,etc,... ပေါ့ဗျာ
ဒီဆော့ဝဲကို install စလုပ်ပါ install လုပ်တာ မခက်ပါဘူး ဘာ key မှ
လည်းမလိုပါဘူး ရိုးရိုးဆော့ဝဲဒ်လိုပါပဲ သူ့ မှာ အားနည်းချက်တစ်ခုရှိပါတယ်
deepfreeze အုပ်ထားမယ်ဆိုရင် သုံးလို့မရပါဘူး install လုပ်ပြီးရင်တော့
ဘယ်မှာ တွေ့ ရမလဲဆိုရင် အလွယ်ပဲပြောတော့မယ်ဗျာ နာရီတွေဘာတွေပြတဲ့နေရာ မှာ
ကြယ်ပုံလေး တွေ့ ရမှာပါ
အဲ့ဒါဆိုရင် ဒီ software လေး active ဖြစ်သွားပါပြီ ကိုယ် edit
လုပ်ချင်တဲ့ folder တွေပေါ်ကို right click နောက်ပြီးရင်
ကြယ်လေးကိုနိုပ်လိုက်ပါ unlocker ဆိုတဲ့ အပေါ်လေးကိုပါ နောက်ထပ် box
လေးတစ်ခု ကျလာပါလိမ့်မယ် အဲ့ဒီမှာတော့ No action ဖြစ်နေပြီး ကိုယ်
လိုအပ်သလိုပြောင်းသုံးနိုင်ပါတယ် system နဲ့ ညှိနေပါက restart ချ
ပြီးပြန်တတ်လာပါက edit လုပ်ပေးပါလိမ့်မယ်
ဒီ software ကို အဓိ က အသုံးပြုတာကတော့ RECYCLER virus ရှင်းတဲ့နေရာမှာ
အသုံးများပါတယ် တစ်ခုပြောချင်တာက RECYCLER အတူ autorun.inf ပါ
တွဲဝင်တတ်တာကို သတိထားသင့်ပါတယ်

http://www.mediafire.com/?fbpooccp29z9z93 ဒါလေးကိုတော့ IQ Test killer
လို့ ပေးထားပါတယ် ဒါကတော့ ကိုယ်ပိုင်ဆော့ဝဲဒ်ပါ ဘယ်သူ့ ဆီကမှ
ကူးထားတာမဟုတ်ဘူး သူငယ်ချင်း အစ် ကိုတစ်ယောက် ရေးပေးထားတာပါ ဒီကောင်ကတော့
bat ဖိုင်လေးဖြစ်ပြီး ကွန်ပျူတာထဲမလိုအပ်ပဲ run နေတာတွေကို
ဖယ်ရှားပေးပါတယ် ဒါလေးကို run လိုက်ရင် shutdown ကျသွားပါလိမ့်မယ်
ပြန်တတ်လာတဲ့အခါမှတော့ မိမိ ကွန်ပျူတာထဲက မိမိ မသိတဲ့ virus လေးတွေ ကိုပါ
သတ်ပေးပါလိမ့်မယ်

http://www.mediafire.com/?rhyhhcxbhh3wuh6 loikaw virus removal
http://www.mediafire.com/?ypr5kzk53fc3yj0  mgy virus removal  ဒီ၂
ခုအကြောင်းတော့ မရှင်းပြတော့ဘူး ဒါကတော့ လူတော်တော်များများ
ကိုဒုက္ခပေးပြီးသားတွေဆိုတော့ အကုန်သိနေလောက်ပြီ mgy နဲ့ Loikaw virus
ဝင်နေရင် ဒီ၂ခုကို run လိုက် ပျောက်သွားလိမ့်မယ်

http://www.mediafire.com/?4d80dcmx9p68vep ဒါကတော့ yaka.bat ဖိုင်လေးပါ
ဒီကောင်ကိုလည်း autorun.inf သတ်တဲ့နေရာမှာ အသုံးဝင်ပါတယ် bat
ဖိုင်တွေအကြောင်းတော့ မရှင်းပြတော့ဘူး သူတို့ က run တာနဲ့ ဘယ်လိုလဲဆိုတာ
သိရမှာဆိုတော့ ကိုယ့်ဘာသာ စမ်းကြည့်လိုက်တော့ဗျာ ဒီကောင်ကိုတော့
သူများဆိုဒ်ကကူးထားတာပါ ဘယ်ဆိုဒ်လဲတော့ မမှတ်မိတော့ဘူး

http://www.mediafire.com/?tsnlakjztnccxwr ဒါကတော့ processxp.exe
လို့ပေးထားပါတယ် ဒီကောင်က တော်တော် အသုံးဝင်ပါတယ်
ဘယ်လိုမျိုးနဲ့ဆင်လဲဆိုရင် task manager တစ်မျိုးပါပဲ သူက အရောင်တွေနဲ့
ပြထားပြီး အန္တရာယ်ရှိတဲ့ application တွေကို အနီရောင်နဲ့ ပြလေ့ရှိပါတယ်
Kill process ပါတဲ့အတွက် အလွယ်တကူ သတ်လို့ရပါတယ် တစ်ခုရှိတာက လုံးဝ
သေသွားတာ မဟုတ်ပဲ ယာယီပါပဲ ဒါပေမယ့်ဘယ်လို virus လဲဆိုတာ
အလွယ်တကူသိနိုင်ပါတယ် ဒီနေရာမှာတစ်ခု ကြားဖြတ်ပြောပါရစေ ကွန်ပျူတာ
တစ်လုံးကို virus သတ်မယ်ဆိုရင် virus ရဲ့ နာမည်ကို အရင်ဆုံးသိသင့်တယ်လို့
ကျွန်တော်ထင်တယ် တစ်ချို့ virus က တော်တော်ဆိုးတယ် virus ၀င်နေတဲ့
ကွန်ပျူတာ ထဲကို Memory stick ထိုးလိုက်တာနဲ့ ရှိသမျှ data တွေကို
ဖျက်ပစ်တဲ့အထိ ဆိုးတတ်တယ် အဲ့ဒါကြောင့်အကောင်းဆုံးကတော့ ကိုယ့်ရဲ
့software တွေကို winrar လုပ်ထားရင်ထား ဒါမှမဟုတ် disc ရေးထားတာ
အကောင်းဆုံးဖြစ်လိမ့်မယ်ကျွန်တော်ထင်တယ်ဗျ winrar ရဲ့ အားသားချက်က
ဖိုင်ဆိုဒ် သေးသွားတဲ့အပြင် virus ၀င်တဲ့ ဒဏ်ကိုလည်းကာကွယ်နိုင်သေးတယ်
ဘယ်လိုကာတာလဲဆိုတော့ တစ်ချို့ က အကောင်ဝင်ရင် setup ဖိုင်တွေက exe
ဖိုင်တွေပြောင်းပြီးအလုပ်လုပ်မရတာတွေဖြစ်တတ်တယ် rar ဖိုင်တွေလုပ်ထားရင်
အဲ့ဒီ အန္တရာယ်ကာနိုင်တာပေါ့ ကဲ ကျွန်တော်တို့ ဆက်ကြမယ်ဗျာ

http://www.mediafire.com/?vi8x7kq4mw7nr9n ဒါက i repairman ပေါ့
ဒီကောင်ကတော့ virus ကြောင့်ပျောက်သွားတတ်တဲ့ folder option တို့ task
manager တို့ ကို ပြန်ပြီး restore ပြန်လုပ်ပေးပါတယ်

http://www.mediafire.com/?jc65wicp5c70abj ဒါကတော့ USB Disk security
အထဲမှာ Key ပါထည့်ပေးထားပါတယ် ဒီဆော့ဝဲဒ်က တကယ်ဆိုရင်တော့
ကောင်းသလိုလိုနဲ့မကောင်းတာတွေလည်းရှိပါတယ် သူက 90% လိုလို 100% လိုလို
ဘယ်လောက်ကာ လဲတော့သေချာမသိပေမယ့် သူ တကယ်နိုင်တဲ့ virus မရှိဘူးလို
့ကျွန်တော်ထင်မိတယ်ဗျ တစ်ချို့ ကပြောတယ် autorun.inf ကိုကြောက်တယ်တဲ့
မှန်ပါတယ် ကြောက်သင့်ပါတယ် ဒါပေမယ့် တကယ်ကွန်ပျူတာ ပိုင်တဲ့
လူတွေအတွက်တော့ ဘာမှမဟုတ်ပါဘူး ဒီဆောဝဲဓ်လေးက ဒီ ရန်ကို
ကာကွယ်တယ်လို့လူတော်တော်များ ပြောကြပါတယ် ကျွန်တော်ကတော့ ဒါကိုငြင်းပါတယ်
သူလည်းမနိုင်ပါဘူး autorun ၀င်နေတဲ့ အခါမှာ virus ပြန့်ပွားနိုင်တဲ့ rate
က အရမ်းမြန်တယ်ဗျ ဒီဆောဝဲဒ်က ဒီလောက်မနိုင်ဘူး ဒါတော့ ပြောချင်ပါတယ်
ဘယ်လိုနေရာမှာ အသုံးဝင်လဲဆိုရင် မိမိ စက်ထဲ ဘယ်လို virus ၀င်လဲဆိုတာ
ကြည်တဲ့နေရာမှာတော့ အသုံးဝင်ပါတယ် အသုံးပြုပုံကတော့ သူ့ ရဲ့ autostart
box ထဲမှာ ကြည့်လို့ရပါတယ် မိမိစက်က window တတ်ပြီးတာနဲ့ မည်သည့်
application တွေ run နေလဲဆိုတာကိုပေါ့ ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲဗျာ
နောက်မှ virus အကြောင်းဆက်ရေးဦးမယ်



http://allmyanmarblogs.blogspot.com/ = ALL MYANMAR
BLOGSမြန်မာဘလော့များရှာဖွေရန်။
www.sharbar.net/ = SHARBAR = မြန်မာဆိုက်များကိုရှာဖွေရန်။
www.searchmyanmar.com/ = SEARCH MYANMAR = မြန်မာဆိုက်များကိုရှာဖွေရန်။
http://webdirectory.all-channel.com/ = ALL CHANNEL =
မြန်မာဆိုက်များကိုရှာဖွေရန်။
http://myanmardaily.net/ = MYANMAR DAILY ဆိုက်အမျိုးမျိုးမှနေ့စဉ်ဖတ်စရာများ။

http://songlover.listen2myradio.com/  Ladio နားစဉ်ရန်....

ညီသွေး

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

1 comments:

  1. ဖတ်သွားတယ်နော် တော်တော်လေ့လာထားတာပဲ

    ReplyDelete

ပျော်ရွှင်ပါစေ...

 

Copyright @ 2013 Nyi Thawe.