တစ်ခါတစ်ရံတွင်
ကျွန်ုပ်တို့အသုံးပြုလျှက်ရှိသောကွန်ပျူတာအတွင်းသို့ Autorun.in virus
ဝင်ရောက်လာတတ်ပါတယ်။ ထို Virus ၀င်ရောက်လာပါက Hard Disk အတွင်းရှိ
အချို့သောဖိုင်များအား ပျက်ဆီးခြင်း၊ Data D: , Data C: တို့ကို ဖွင့်လိုက်သော
အခါတွင် Window အသစ်တစ်ခုနှင့်တက်လာခြင်း အစရှိသည်တို့ကို ကြုံတွေ့ရပါတယ်။
တကယ်လို့ထိုကဲ့သို့ ပြဿနာမျိုးကြုံလာပြီဆိုပါက သင့်ကွန်ပျူတာဟာ Autorun.inf Virus
ဝင်ရောက်ခြင်း ကိုခံနေရပြီဖြစ်ကြောင်း နားလည်သဘောပေါက်ထားရပါမယ်။ ထို Autorun.in
Virus ၀င်ရောက်လာခြင်းကို Winrar အသုံးပြုပြီး နှိမ်နှင်းကာကွယ် နိုင်မည့်
နည်းလမ်းတို့ကို တင်ပြလိုက်ပါတယ်။ ပထမဦးဆုံးအနေဖြင့် Hidden File များကို
ဖော်ပေးထားရပါမယ်။ ထိုမှသာလျှင် Virus ဖိုင်များကို
အလွယ်တကူတွေ့မြင်နိုင်မှာဖြစ်ပါတယ်။
Step 1 : သင့်ကွန်ပျူတာရှိ
CD/DVD ဒါမှမဟုတ် USB Autorun တို့ကို Disable လုပ်ထားလိုက်ပါ။
Step 2 :
Winrar application ကိုဖွင့်ထားလိုက်ပါ။
Step 3 : Autorun.inf virus
ဝင်ရောက်ခြင်းခံရသည်ဟု သံသယရှိသော Drive များကို Winrar
အသုံးပြုပြီးဖွင့်ထားလိုက်ပါ။
Step 4 : ထိုအခါ Drive များအတွင်းရှိ Hidden
ဖိုင်များကို အလွယ်တကူတွေ့မြင်နိုင်မှာဖြစ်ပါတယ်။
Step 5 :
Autorun.inf ကိုမြင်တွေ့ပါက သင့်ကွန်ပျူတာအတွင်းရှိ Autorun ဖိုင်များကို Winrar
မှတဆင့် ဖျက်ပစ်လိုက်ပါ။
Step 6 : သင့်ကွန်ပျူတာကို Restart ချလိုက်ပါက
Autorun.inf virus များအပြီးအပိုင် ရှင်းလင်းသွားတာကို
မြင်တွေ့ရမှာဖြစ်ပါတယ်။
No comments:
Post a Comment
ပျော်ရွှင်ပါစေ...