
စက်ရုပ်အားလုံးအတွက် Shortcut key လေးတစ်ခုပြောပြပါမယ်....
မသိသေးသူများအတွက် Share တာပါ....သိသူများကျော်သွားပါ......
မိမိတို့ရဲ့ဖုန်းမှာ ဆော့ဝဲလ်တစ်ခုကနေပီ အခြားနောက်ဆော့ဝဲလ်တစ်ခုကို
အလွယ်တကူ ကူးနိုင်တဲ့ Shortcut key လေးတစ်ခုပါ....
ဥပမာ- Browser ကနေအင်တာနက်သုံးနေပီ နောက်ဆော့ဝဲလ်တစ်ခုကို
ဖွင့်မယ်ဆိုရင် home ကိုနှိပ်ပီ မိမိဖွင့်ချင်တဲ့ ဆော့ဝဲလ်ကို ဖွင့်ပါတယ်....
လက်ရှိ မိမိဖွင့်ထားတဲ့ ဆော့ဝဲလ်ကနေပီ ခုနကဖွင့်ထားတဲ့ Browser ကိုပြန်သွားချင်ရင်
Home key ကိုနှိပ်ပီ Browser ကိုပြန်ရှာပီဖွင့်နဲ့ အလုပ်မဖြစ်ပါဘူး.....
တစ်ချို့ကျတော့ back နဲ့ပြန်ထွက်ပါတယ်.....
အခုကျွန်တော်ပြောတဲ့ Shortcut key လေးနဲ့သွားပါ......
မိမိတို့အသုံးပြုနေတဲ့ ဆော့ဝဲလ်တွေကို အလျင်မြန်ဆုံးနဲ့ တစ်ခုနဲ့တစ်ခု အလွယ်တကူကူးပြောင်းနိုင်ပါတယ်......
မိမိက Browser နှစ်ခုနဲ့ အင်တာနက်အသုံးပြုနေတယ်ဆိုရင် မိမိအခုသုံးနေတဲ့ Browser ကနေပီ နောက်တစ်ခုကိုကူးချင်ရင် Home key ကို ၂/၃ seconds လောက်ဖိထားလိုက်ပါ......
ဒါဆိုရင်တော့ မိမိတို့ ဖုန်းမှာ run ထားတဲ့ ဆော့ဝဲလ်တွေကို
အလျင်မြန်ဆုံးနဲ့ အလွယ်တကူကူးပြောင်း ၀င်ရောက်နိုင်ပါတယ်....
ကွန်ပျူတာမှာဆိုရင် Alt နဲ့ Tab ကိုတွဲနှိပ်သလိုပါဘဲ.....
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ..............
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
No comments:
Post a Comment
ပျော်ရွှင်ပါစေ...