မမ...
မျက်နှာမြင်ခွင့်မရပေမယ့်
မ...ပုံရိပ်တွေ
တမ်းတ
မှန်းဆကြည့်ဘူးတယ်.....။
မမ...
စကားသံချိုချိုကြားခွင့်မရပေမယ့်
မ...နှုတ်ဖျားက
သံစဉ်ကို
စိတ်ကူးနဲ့ နားဆင်ကြည့်ဘူးတယ်.....။
မမ...
ရင်...
ရင်ချင်းကပ်
ပါးမအပ်ဘူးပေမယ့်
မောင်...နှလုံးသားက
ခု...လွမ်းဖျား
ဖျားနေတတ်ပြီ.....။
မမရေ...
onlineထဲတွေ့ဆုံခဲ့ကြတာဆိုပေမယ့်
လှေနံဓားထစ်
မ...ကို
မောင်...ချစ်မိနေပြီဆိုတာပါပဲ.....။
No comments:
Post a Comment
ပျော်ရွှင်ပါစေ...