ကျွန်တော်တို့တွေ ကွန်ပျူတာ သုံးနေတယ်ဗျာ ။ တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကို
ပြန်မေးကြည့်သင့်တယ် ။ ငါထိုင်နေတာ ဘယ်လောက်ကြာပြီလဲ ။ ထပြီးတော့
လမ်းလျောက်သင့်ပြီလားလို့ပေါ့ ။ နာရီကို Alarm ပေးထား မလိုပါဘူး ။
ကိုယ့်ဖာသာကိုယ် ကွန်ပျူတာ မှာပဲ ကြည့်ကြရအောင်ဗျာ ။ လွယ်လွယ်လေးပါ ။
သိပြီးသားဆိုရင်လည်း.... ခွန်မောင်ပန်က ခုမှ သိတယ် တော်တော်
သနားစရာကောင်းတာပဲလို့ တွေးလိုက်ပေါ့ဗျာ ။ သိပြီးသား.... ဆိုတဲ့ စကားထက်
ပိုကောင်းမယ့် စာသားထင်လို့ပါ ။
မသိသေးတဲ့ သူတွေ အတွက် ကျွန်တော်ပြောပြလိုက်မယ်နော်....
ပထမတစ်နည်းက Task manager ကို ခေါ်ပြီးတော့ ကြည့်တာပါ ။ ပထမဆုံး Ctrl +
Shift + Esc Or Ctrl + Shift + Del ကို ခေါ်လိုက်ပါ ။ ပြီးရင်တော့
Performance က Up time ကို ကြည့်လိုက်ပါဗျာ ။ မိမိသုံးနေတဲ့ အချိန်က
အချိန်နဲ့အမျှ မှတ်သားနေတာပါ ။ ဒါက Window 7 အတွက်ပါ ။
Window XP သမားတွေအတွက်တော့ Run box ကနေ ကြည့်တာပါ ။ကျွန်တော့် XP မဟုတ်တဲ့ အတွက် ရေးတဲ့အတိုင်းရေး ဆက်ရေးတာပါဗျာ ။
Run box မှာ systeminfo လို့ ရိုက်ပြီးတော့ Enter လိုက် ခဏစောင့်ပေးလိုက်ဗျာ ...
ခဏလေးစောင့်ပေးပြီးရင်တော့ အချက်အလက်တွေ တက်လာပါလိမ့်မယ်ဗျာ... အဲဒီမှာ
System up time ကို ကြည့်ကြည့်လိုက်ပါဗျာ ။ ဒါက နေ့တောင် အဆစ်ပါသေးတယ်ဗျာ ။
အပုံကို ကြည့်တာ သေးနေတယ်ဆိုရင် ပုံကို new tag နဲ့ ဖွင့်လိုက်ပါဗျာ ။
အားလုံး အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်http://www.decembermgmg.co.cc/
No comments:
Post a Comment
ပျော်ရွှင်ပါစေ...