Pages

Thursday, January 26, 2012

gmail password ပြောင်းနည်း

ဒီနေ့ ဖော်ပြပေးမှာ ကတော့ gmail password ပြောင်းနည်း နဲ့ gmail  recovery email ပြောင်းနည်းလေးပဲဖြစ်ပါတယ် ...
တော်တော်များများတော့သိပြီးသားတွေပါ  သိပြီးသူတွေအတွက်တော့ မထင်းစားရေသောက်လောက်ပဲပေါ့ .. ဒါပေမဲ့မနေ့ တစ်နေ့ ကမှ ကွန်ပြူတာ စသုံးသူတွေ အတွက်တော့ အခက်အခဲတွေ့ နိုင်ပါတယ်.. နောက်ပြီး သူငယ်ချင်း ၄ ၊ ၅ ယောက်က ခဏခဏ လာမေးမေးနေလို့  ဒီပိုဒ်လေးကို တင်ဖြစ်သွားတာပါ.... သိပြီးသားသူတွေ တော့ထုံးစံအတိုင်း  ကျော် ကြည့်လိုက်ပေါ့နော် ... မသိသေးတဲ့သူတွေတော့ .. လာလိုက်ခဲ့  အင်းစိန်ကို ...ခစ်ခစ်ခစ်
ကဲစမယ်
နံပတ် ( ၁ ) သင့် gmail ကိုဖွင့်လိုက်ပါ ပြီးရင်တော့ အောက်က ပုံမှာ အနီ ရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်း settings ကိုဝင်လိုက်ပါ
၂  .  ပြီးရင် အောက်ကပုံ အတိုင်း  accounts ကိုနိုပ် လိုက်ပါ
၃ .  ပြီးရင် ပေါ်လာတဲ့စာမျက်နှာ အောက်ဆုံး နားလောက်မှာ google account settings ကိုနိုပ်ပေးလိုက်ပါ အောက်ပုံ ကိုကြည့်ပါ
၎ . နောက်စာမျက်နှာတစ်ခု ဆီကိုပြောင်းသွားပါလိမ့်မယ်..... အဲဒီစာမျက်နှာမှာပြထားတဲ့ Changing your password ကိုနိုပ်လိုက်ပါ
အောက်ပုံကိုကြည့်ပါ၅ .  ပြီးရင်အောက်ကပုံအတိုင်း Current password မှာတော့ လက်ရှိသင်သုံးနေတဲ့ password ကိုထည့်ပေးပါ .. အလယ်က what is the name of ဆိုတဲ့ နေရာမှာတော့ ဘာမှမလိုပါဘူး ဒီအတိုင်းထားလိုက်ပါ အောက်ဆုံးက နှစ်ခုမှာတော့ ကိုယ်ပြောင်းချင်တဲ့ password အသစ် လေး ပေါ့ ပြီးရင်တော့ ထုံးစံအတိုင်း save ပေါ့ ...မပြီးသေးဘူးနော်  ... အောက်ကပုံထဲကလို ok လေးနိုပ်ပေးလိုက်ပါ ..

ဒါဆိုရင် password ပြောင်းလို့ ပြီးသွားပါပြီ ၊၊ ၊၊


ညီသွေးရဲ့အိမ်လေးကိုရောက်လာသူအားလုံးကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

No comments:

Post a Comment

ပျော်ရွှင်ပါစေ...